မြောင်မြို့နယ်ရှိ ရှေ့တန်းထွက် ရဲဘော်များနှင့် စစ်ရှောင် ပြည်သူများကို အစားအသောက်များ လှူဒါန်း ကျွေးမွေး
ရန်ကုန်၊ နိုဝင်ဘာ ၂၁
မြောင်မြို့နယ်ရှိ ရှေ့တန်းထွက် ရဲဘော်များနှင့် စစ်ဘေးရှောင်ပြည်သူများကို အလှူရှင် ကိုယ်စား Youths for Community-YfC Myaung အဖွဲ့က အစားအသောက်များ လှူဒါန်း ကျွေးမွေးခဲ့ကြောင်း သိရသည်။
၅ ရက်တာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် အိမ်ထောင်စု ၁၆၃ စုအတွက် တစ်အိမ်ထောင်စုလျှင် ဆန် ၁ ပြည်၊ အစပ်ကြော် ၁ထုတ် တို့ကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။