33 C
Yangon

မြင်းခြံတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ဟုမ္မလင်းတွင် တိုက်ပွဲပြင်းထန်နေ

Must read

မြင်းခြံတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ဟုမ္မလင်းတွင် တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာ၊ တာဘောင်ပေါ်တွင် အကြမ်းဖက်စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ – NYSGF ထံမှ သိရသည်။

နိုဝင်ဘာလ ၂၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က မြင်းခြံမြို့နယ် တလုပ်မြို့မှ ထွက်ခွာလာသော စစ် ကောင်စီကား ၂ စီးကို ကိုင်းကျေးရွာ တာဘောင်ပေါ်အရောက်တွင် မိုင်းပဒေသာ ၁၀ လုံးတွဲဖြင့် အသင့် စောင့်ကြို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သည့်ဟု တပ်တွင်းသတင်းအရ အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၆ တပ်ရင်း တပ်ခွဲ ၁ နောင်ရိုးအထူးပြောက်ကျားတပ် – NYSGF ၊ မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း Taloke-PDF၊ MyinGyan MP-9၊ ရွှေဂျိုးဖြူ အဖွဲ့တို့ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး မိဘပြည်သူများအနေဖြင့် စစ် ရေး သတိရှိကြပါရန် Homalin People Defense Force – HPDF 124 တပ်ဖွဲ့က ပြောဆိုသည်။

ဟုမ္မလင်းမြို့နယ် နှင့် ဖောင်းပြင်မြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ် SNA တပ်များနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – PDF ပူးပေါင်းမဟာမိတ်တပ်များကြား မြို့နယ်အနှံ့အပြားတွင် တိုက်ပွဲ များ ဆက် တိုက်ဖြစ်ပွား နေပါသဖြင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြပါရန် မေတ္တာရပ်ခံ သတိပေးထား သည်။

ပြည်သူများအနေဖြင့် နောင်ပိုအောင် – ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းပိုင်း နှင့် ရွှေပြည်အေး – ဟုမ္မလင်း – ဖောင်းပြင် ရေကြောင်းခရီးများကို ယာယီဖြတ်သန်းသွားလာခြင်း မပြု ကြပါရန်၊ အကြမ်းဖက်စစ်တပ်၊ SNA တပ်ဖွဲ့တို့၏ တည်နေရာ၊ လှုပ်ရှားသွားလာမှု သတင်းများကို အချိန်နှင့်တပြေးညီ သတိထားစောင့်ကြည့် သတင်းပေးပို့ကြပါရန် Homalin People Defense Force – HPDF 124 တပ်ဖွဲ့က တိုက်တွန်းပြောဆိုထားသည်။

ဓာတ်ပုံ- စစ်အာဏာသိမ်းပြီးနောက် မြို့ပေါ်တွင် သွားလာနေသော စစ်ကားတစ်စီး။( အင်တာနက်ပေါ်တွင် ပျံ့ နှံ့နေသော ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article