37 C
Yangon

သိန္နီမြို့နယ်ရှိ ခမရ ၅၆၇ နှင့် ခမရ ၅၆၈ တပ်ရင်း၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ စခန်းပေါင်း ၁၇၂ ခု သိမ်းပိုက်ရရှိထား

Must read

သိန္နီမြို့နယ်ရှိ ခမရ ၅၆၇ နှင့် ခမရ ၅၆၈ တပ်ရင်း၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ စခန်းပေါင်း ၁၇၂ ခု သိမ်းပိုက်ရရှိထား

■ ရှမ်းမြောက်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးပြီး စစ်သား ၃၁ ဦးကို အရှင်ဖမ်းမိကာ သံချပ်ကာကား ၊ ဟောင်ဝစ်ဇာအမြောက်များနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ ခမရ ၅၆၇ နှင့် ခမရ ၅၆၈ တပ်ရင်း၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ စခန်းပေါင်း ၁၇၂ ခု သိမ်းပိုက်ရရှိထားကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်လိုက်ကြောင်း၊ MNDAA က သိမ်းယူ တရုတ်-မြန်မာ နယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်များမှာ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်၊ မုံးကိုးနယ်စပ်ကုန်သွယ်ရေးဂိတ်၊ ပန်းဆိုင်(ကြူကုတ်) နယ် စပ်ကုန်သွယ်ရေးဂိတ်၊ ယခုနောက်ဆုံး ကျင်းစန်းကျော့နယ်စပ်ကုန် သွယ်ရေး ဂိတ်တို့ကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်

ထို့ပြင် နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် သိန္နီမြို့နယ်ရှိ နမ့်စလပ်တွင် ခမရ ၅၆၇ နှင့် ၅၆၈ တပ်ရင်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၆ ရက်အကြာတွင် ခမရ ၅၆၇ နှင့် ၅၆၈ တပ်ရင်းများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၊ စစ်တပ်ဘက်မှ ၁၆ ဦး ထက်မနည်း သေဆုံးပြီး ၃၁ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း၊ သံချပ်ကာယာဉ် ၁ စီး၊ ၁၅၅ မမ ဟောင်ဝှစ်ဇာ အမြောက် နှစ်လက်နှင့် အမြောက် မျိုးစုံ၊ လက်နက်ခဲယမ်းမီးကျောက်များ အပါအဝင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် သီပေါနှင့်ကျောက်မဲအကြားရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နမ့်ခမ်းမြို့နယ်တွင်လည်း စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၉ ဦးဆေသုံးပြီး စစ်ဘက်ဆိုင်ရာပစ္စည်းများကို သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article