25 C
Yangon

မုံရွာတွင် အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

မုံရွာတွင် အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်သာရပ်ကွက်တွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်သားများ ကို ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ကြောင်း Monywa Fire Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်က မုံရွာမြို့၊ မုံရွာ-အမြင့်လမ်းပေါ် ညောင်ပင်သာ ရပ်ကွက်တွင် တပ်စွဲထားသော စခန်းမှ အကြမ်းဖက်စစ်သား ၅ ဦး ကင်းလှည့်ထွက်လာစဉ် Monywa Fire Group နှင့် Monywa U Nit Force ညီနောင်များ ပူးပေါင်းပြီး ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၁ ဦးသေတယ်၊ ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်၊ ညောင်ပင်သာဂိတ်ကနေ စက်လက်တွေနဲ့ ရော၊ G3 တွေနဲ့ရော ပစ်ကူပေးတာတော့ရှိတယ်၊ ကျနော်တို့ ရဲဘော်တွေ အကုန်လုံးဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ ပါတယ်၊” ဟု Monywa Fire Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ပျူစေထီးစခန်းတစ်ခုနှင့် ကျေးရွာအတွင်းဝင်ရောက်ပြီး ရမ်းသမ်း ပစ်ခတ်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် တိုက် ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၈ ထံမှ သိရသည်။

နိုဝင်ဘာလ ၂၇ ရက် ည ၈ နာရီခန့်နှင့် နိုဝင်ဘာလ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် တန့်ဆည်မြို့နယ်၊ မူးဂွကျေးရွာ အတွင်းနှင့် အပြင်ဘက်၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီကင်းစခန်း ၃ ခုကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား၊ ပျူစောထီး ထိခိုက်မှုအခြေအနေ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၈ တပ်ရင်းနှင့် နယ်မြေဒေသ တော်လှန်ရေး အင်အားစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘက်မှ လက်နက်ငယ်များ ဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် တန့်ဆည်မြို့နယ်၊ မူးကျင်းစုကျေးရွာအတွင်း ဝင် ရောက်ကာ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသော ကန့်ဘလူမြို့နယ် ဆားကုန်းကျေး ရွာ အခြေစိုက် အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ‌ရွှေဘိုခရိုင်အမှတ် ၈ ရဲဘော်များက လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်တိုက် ပွဲဖြစ် ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article