25 C
Yangon

ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်အများအပြားပျက်စီး

Must read

ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်အများအပြားပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာအရှေ့ဘက် ၊ ကျီးရိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်သဖြင့် နေအိမ်အများအပြား ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ညပိုင်းတွင် ဖြူးမြို့နယ်၊ ညောင်ပင်သာရွာအရှေ့ဘက် ၊ ကျီးရိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို စစ်တပ်က အကြောင်းမဲ့ တိုက်လေယာဉ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ခဲ့သဖြင့် အနည်းဆုံး ကျေးရွာ ၂ ခုမှ ပြည်သူပိုင်နေအိမ်များ ထိခိုက်ပျက်စီးကြောင်း၊ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူထိခိုက်မှုမရှိကြောင်းသိရှိရသည်။

“ရွာတေကိုအကြောင်းမဲ့လာရောက်ပစ်ခတ်သွားတာ။ လေယဥ်နဲ့ဗုံး လာကျဲတာ။ စစ်မဖြစ်ဘဲလာလုပ်တာ။ လူတွေတော့ မထိဘူး။

ကျီးရိုးအုပ်စုမှာရှိတဲ့ ရေတွင်းကုန်းနဲ့ ဇဟား ကျေးရွာတ‌ွေမှာ အိမ်တွေပျက်စီးတာများတယ်။ ရမ်းသမ်းပစ်သွားတာပါ။ ပြည်သူတွေကတော့ အခုလွတ်ရာပြေးနေကြပြီ။ စပါးတွေ ရိတ်သိမ်းလို့ မပြီးသေးတော့ တောင်သူတွေအခက်တွေ့တာပေါ့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာအရှေ့ဘက် ၊ ကျီးရိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းသည် ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article