25 C
Yangon

မူဆယ်မြို့တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က တရုတ်လူမျိုး ၁ ဦးနှင့် ၅ ရက်သား ကလေးငယ် ၁ ဦးကို ပစ်သတ်

Must read

မူဆယ်မြို့တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က တရုတ်လူမျိုး ၁ ဦးနှင့် ၅ ရက်သား ကလေးငယ် ၁ ဦးကို ပစ်သတ်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့က တရုတ်လူမျိုး အမျိုးသမီး ၁ ဦးနှင့် ၅ ရက်သား ကလေးငယ် ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ညပိုင်းတွင် မူဆယ်မြို့တွင် နေထိုင်သည့် တရုတ်လူမျိုး အားမေ ဆိုသည့် အမျိုးသမီး ၁ ဦးနှင့် ၎င်း၏ ၅ ရက်သား ကလေးငယ် ကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့ စစ်အဖွဲ့က ပစ်သတ်ခဲ့ကြောင်း သိရသည်။

“မူဆယ်မြို့ကို ညက ပြည်သူ့စစ် တွေလာပြီး နေအိမ်တွေကို မီးမဖွင့်နဲ့လို့ပြောတယ်တဲ့ အဲအချိန်မှာ တရုတ်လူမျိုး ကလေးအမေက ကြောက်လို့ မီးဖွင့်လိုက်တော့ ပစ်သတ်လိုက်တာတဲ့ သေဆုံးသွားတာ တရုတ်လူမျိုး အမည်က အားမေ တဲ့ သူ့ကလေးလေး ၅ ရက်သားလေးလည်း ကျည်ထိမှန်ပြီး သေဆုံးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article