25 C
Yangon

အီတလီနိုင်ငံ မီလန်မြို့တွင် ‘THE WAY’ ဂီတရုပ်ရှင်ပြသ

Must read

အီတလီနိုင်ငံ မီလန်မြို့တွင် ‘THE WAY’ ဂီတရုပ်ရှင်ပြသ

ရန်ကုန်၊ ဒီဇင်ဘာ ၃

အီတလီနိုင်ငံ မီလန်မြို့တွင် “THE WAY” ( La Via) ဂီတရုပ်ရှင်ကို ပြသခဲ့ပြီး ရုပ်ရှင်ပြပွဲသို့ Alcide Cervi Institute ဥက္ကဌ၊ Parliamentary Association of Friends of Burma ဥက္ကဌဟောင်း Albertina Soliani. ၊ Amnesty International မှ မြန်မာ့ရေးရာတာဝန်ခံ Anna Violante တို့မှ တက်ရောက်စကားပြောခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Kim Aris မှလည်း အမှတ်တရစကားဗွီဒီယိုပေးပို့ခဲ့ကြောင်း သိရှိရသည်။

ဒါရိုက်တာလင်းလင်းရိုက်ကူးခဲ့သော “THE WAY” ( La Via) ဂီတရုပ်ရှင်ကို အီတလီရောက်မြန်မာများက စီစဥ်တင်ဆက် ပြသခဲ့ခြင်း ဖြစ်ပြီး အီတလီကဗျာဆရာ Adriano Molteni မှ Myanmar ဆိုသောကဗျာကိုလည်း ရွတ်ဆိုခဲ့ကာ ရုပ်ရှင်ပြသမှုအပြီးတွင် ဒါရိုက်တာလင်းလင်း၊သရုပ်ဆောင်ချစ်သုဝေနှင့် The Way အဖွဲ့သားများက ပရိသတ်တို့နှင့်အတူ အွန်လိုင်းမှ ရင်းရင်း နှီးနှီးချစ်ခင်နှုတ်ဆက်၍ သိလိုသည်များ၊ ခံစားချက်များကိုအပြန်အလှန် မေးမြန်းဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article