30 C
Yangon

ရွှေကူမြို့နယ်ရှိ စစ်တပ်၏ ခလရ ၁၀ အထိုင်စခန်းကို KIA ၊ PDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ လက်နက် ၈ လက် သိမ်းဆည်းရရှိ

Must read

ရွှေကူမြို့နယ်ရှိ စစ်တပ်၏ ခလရ ၁၀ အထိုင်စခန်းကို KIA ၊ PDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ လက်နက် ၈ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၃

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၀ အထိုင်စခန်းကို KIA ၊ PDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ လက်နက် ၈ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြို့လှ PDF တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီ ၅၇ မိနစ်ခန့်တွင် ရွှေကူမြို့နယ်၊ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ တပ်ရင်း ရွှေငြိမ်းချမ်းကျေးရွာနှင့် ၁ မိုင်အကွာရှိ အကြမ်းဖက် စစ်တပ်၏ တပ်အထိုင်နေရာချထားသည့်တပ်ကုန်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်း စခန်းသိမ်းကို နံနက် ၇ နာရီ ၃၆ မိနစ်ခန့်တွင် အပြီးအစီး သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်ဘက်မှ ဂျက်ဖိုက်တာ ၄ စီးဖြင့် ပစ်ကူပေးပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထွက်ပြေးသွားကြောင်း၊ တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်သား အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို လေကြောင်းပစ်ကူဖြင့် အလောင်းများကို ပြန်ဆွဲသွားကြပြီး ၄ ဦးထက်မနည်းသေဆုံးနိုင်ကာ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေး တပ်ဖွဲ့များက စစ်တပ်စခန်းကို မီးရှို့ ရှင်းလင်းခဲ့ပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ ရိက္ခာအများအပြား သိမ်းဆီးရမိခဲ့ကြောင်း၊ ယင်းစခန်းကို ခလရ ၁၀ ဗိုလ်မှူး ကိုကိုနိုင် ဦးစီးပြီး အင်အား ၃၀ ခန့်ဖြင့် တပ်စွဲနေ ထိုင်ထားသည်မှာ ၁ နှစ်ဝန်းကျင်ရှိပြီဖြစ်ပြီး KIA အမှတ် ၅ တပ်ရင်း ဂါခင်ဘွန့် ခရိုင်အတွင် အနှောက်အယှက်ဖြစ်နေသည့်အတွက် စခန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၅ တပ်ရင်းKIA ၊ မြို့လှ K-PDF ၊ ဟိုပင် K-PDF ဝေဟင် Drone အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မြို့လှ K-PDF တပ်ရင်းဘက်မှ ပြည်သူ့ရဲဘော် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မြို့လှ K-PDF တပ်ရင်းသည် စခန်းသိမ်းတိုက်ပွဲ ၃ ကြိမ် ဆင်နွှဲခဲ့ပြီး ပထမ အကြိမ်တိုက်ပွဲသည် ပန်းခွန်ရံ

ခမရ ၃၈၇ စစ်တပ်အခြေစိုက် စခန်းကို သိမ်းပိုက်ခဲ့ပြီး ရက်ပေါင်း ၃၂ ရက်ခန့် ကြိုးစားတိုက်ခိုက်ခဲ့ရကြောင်း၊ ဒုတိယ အကြိမ် တိုက်ပွဲမှာ ကျောက်ကြီးရွာ၌ တပ်စွဲထားသည့် ခလရ ၇၇၊ ၁၀ စခန်းကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင် စတင် တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁ ဦးနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ယခု အကြိမ် စခန်းသိမ်း တိုက်ပွဲသည် တတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်ခြင်း ဖြစ်ကြောင်း မြို့လှ PDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article