33 C
Yangon

ကိုးကန့်ဒေသတွင် လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးနေသည့် စစ်သား ၁၀၀ ကျော် ချေမှုန်းပြီးနောက် စစ်တပ် အကြွင်းအကျန် အင်အား ၁၈၀ နီးပါးကို လိုက် လံတိုက်ခိုက်နေဟု MNDAA ပြော

Must read

ကိုးကန့်ဒေသတွင် လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးနေသည့် စစ်သား ၁၀၀ ကျော် ချေမှုန်းပြီးနောက် စစ်တပ် အကြွင်းအကျန် အင်အား ၁၈၀ နီးပါးကို လိုက် လံတိုက်ခိုက်နေဟု MNDAA ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးနေသည့် စစ်သား ၁၀၀ ကျော်ကို ချေမှုန်း တိုက်ခိုက်ပြီးနောက် ထပ်မံ၍ ထွက်ပြေးနေသည့် စစ်တပ် အကြွင်းအကျန် အင်အား ၁၈၀ နီးပါးကိုလည်း ရှာဖွေ လိုက်လံ တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း MNDAA ပြောခွင့်ရ လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကုန်းကြမ်းမြို့ရှိ စစ်တပ်စခန်းကို MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီး ကုန်းကြမ်းမြို့တွင် တပ်စွဲ ထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၂၅ တပ်ရင်း တစ်ခုလုံးနှင့် စကခ ၁၂ တပ်ဖွဲ့ဝင် အချို့ လက်နက်ချအညံ့ခံခဲ့ကာ စကခ ၁၆ မှူးက ခလရ ၁၂၅ တပ်ရင်းမှ အင်အား ၁၀၀ ခန့်ခေါ်ယူပြီးထွက် ပြေးခဲ့ ကြောင်း၊ ထို့သို့ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀၀ နီးပါးခန့်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့သို့ ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် အခြား တပ်များမှ ထွက်ပြေးလာသော စစ်သား ၂၈၀ ကျော်သည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု ၊ ဝကြည်ကျိုင့်ရွာ နှင့် စူကြာ ကျိုင့်ရွာကြားရှိတောင်ကုန်းအောက်ခြေသို့ စုစည်းပုန်းအောင်းနေခဲ့ကြောင်း၊ ထို့ကြောင့် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ် တွင် နယ်မြေရှင်းလင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ခဲ့သည့်နေရာကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်း ၂၀ တွေ့ရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁ ရက် ညနေပိုင်းတွင် ကျန်အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ထပ်မံလိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံးပြီး စစ်သား ၄ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

“ထပ်လွှတ်နေတဲ့သူတွေ ရှိပါတယ်။ ရှင်းလင်းရေးတွေ ဆက်လုပ်နေပါတယ်” ဟု MNDAA ပြန်ကြားရေး လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article