25 C
Yangon

ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ နတ်ရေကန်အနီးတွင် စစ်ကောင်စီ အမိန့်ဖြင့် ပြုလုပ်နေသည့် ပျော်ပွဲရွှင်ပွဲကို သတိပေး ဖောက်ခွဲ တိုက်ခိုက်၊ ကျိုက်လတ်နှင့်မော်လမြိုင်တို့တွင်လည်း ဗုံးခွဲ တိုက်ခိုက်မှုများဖြစ်ပွား

Must read

ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ နတ်ရေကန်အနီးတွင် စစ်ကောင်စီ အမိန့်ဖြင့် ပြုလုပ်နေသည့် ပျော်ပွဲရွှင်ပွဲကို သတိပေး ဖောက်ခွဲ တိုက်ခိုက်၊ ကျိုက်လတ်နှင့်မော်လမြိုင်တို့တွင်လည်း ဗုံးခွဲ တိုက်ခိုက်မှုများဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ နတ်ရေကန်အနီးတွင် စစ်ကောင်စီ အမိန့်ဖြင့် ပြုလုပ်နေသည့် ပျော်ပွဲရွှင်ပွဲကို သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့၊ ည ၆ နာရီ ၂၄ မိနစ်ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် အမှတ် ၃၅ ရပ်ကွက်၊ နတ်ရေကန်အနီးတွင် စစ်ကောင်စီ အမိန့်ဖြင့် ပြုလုပ်ကျင်းပနေသော ပျော်ပွဲရွှင်ပွဲအတွင်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့က အဝေးထိန်းမိုင်းဖြင့် သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ၄၀ ဈေးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အညှိုးတကြီး ဖျက်ဆီးခဲ့ခြင်းကို ဖုံးအုပ်ရန် ၃၅ ရပ်ကွက်တွင် အကြောင်းမဲ့ ဈေးပွဲတော်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ယင်းဈေးပွဲတော်ကို စစ်ကောင်စီ လက်ပါးစေ ထွေအုပ်အမိန့်ဖြင့် ၃၅ ရပ်ကွက် ၏ ရာအိမ်မှူး ဖြိုးဝေ မှ တက်ကြွစွာ စီစဥ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေး အဖွဲ့အနေဖြင့် ယခု တိုက်ခိုက်မှုကို ထိခိုက်မှု ကြီးကြီးမားမား ဖြစ်စေရန် ပြုလုပ်နိုင်သော်လည်း public area ဖြစ်သောကြောင့် ပြည်သူများ မထိခိုက်စေရန် အဆင့်လျှော့ကာ ခြောက်လှန့် သတိပေးရုံ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခု သတိပေးခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်ပြီး ဆက်လက်၍ အကြမ်းဖက် စစ်တပ်၏ ဒေါက်တိုင်များ နှင့် ခြေကုပ်စခန်းများကို အချိန်မရွေး ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်စွဲထားရာ နေရာများ၊ စစ်ကောင်စီနှင့်ထိစပ်သော နေရာများကို ရှောင်ရှားသွားလာကြပါရန်၊ နေ့စဉ်လူမှုဘဝလှုပ်ရှားနေမှု များကို နားလည် လက်ခံသော်လည်း ပျော်ပွဲရွှင်ပွဲများဖြင့် ပျော်ပါးနေခြင်းများကို မပြုလုပ်ရန် အထူး သတိပေးအပ်ကြောင်း၊ တော်လှန်ပြည်သူများသည်လည်း မိမိတို့နှင့်အတူ ပူးပေါင်းကာ အာဏာသိမ်းအကြမ်းဖက် စစ်တပ်အား ရရာနည်းဖြင့် တွန်းလှန်ကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့၊ စည်ပင်ရုံးနှင့် မြို့နယ်ရဲမှူး ရုံးအကြားတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မပေါက်ကွဲသေးသော ဖုန်းတစ်လုံးကို စစ်တပ်က စစ်ဆေးတွေ့ရှိကြောင်း၊ ယင်းနောက် ပြည်သူများကို ရမ်းသမ်းဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ထို့ပြင် ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်အချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ လ၀ကရုံးအတွင်းရှိ ဦးစီးမှူးနေအိမ်ကို ကမ်းရိုးတန်း ပြည်သူ့ကာကွယ်ရေးနှင့် Dawna Dragon Defense အဖွဲ့တို့က ပူးပေါင်းပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူထားသည့် အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article