24.9 C
Yangon

မုန်းမြို့သိမ်း တိုက်ပွဲတွင် တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ ဒေသခွဲ မှ တပ်ရင်းတပ်ဖွဲ့များလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံးကာ ၂၁ ဦး လက်နက်ချ အညံ့ခံကြောင်း အတည်ပြု ပြောဆို

Must read

မုန်းမြို့သိမ်း တိုက်ပွဲတွင် တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ ဒေသခွဲ မှ တပ်ရင်းတပ်ဖွဲ့များလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံးကာ ၂၁ ဦး လက်နက်ချ အညံ့ခံကြောင်း အတည်ပြု ပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ ၈

ပဲခူးတိုင်း၊ ​ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်း တိုက်ပွဲတွင် တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ ဒေသခွဲ မှ တပ်ရင်းတပ်ဖွဲ့များလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံးကာ ၂၁ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ခန့်က စတင်ကာ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၀ တပ်ရင်းဌာနချုပ်၊ ခမရ ၅၉၉ တပ်ရင်းဌာနချုပ်နှင့် မုန်းမြို့ ရဲစခန်း၊ မုန်းသာစည်တံတားကင်း၊ ကော့ပြင်းတပ်စခန်းတို့ကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ ဒေသခွဲမှ တော်လှန်ရေး ရဲဘော်များက KNLA ၊ PDF ၊ BPLA ပူးပေါင်း မဟာမိတ်တပ်များနှင့် အတူ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ခမရ ၅၉၀ တပ်ရင်းဌာနချုပ်၊ မုန်းမြို့ရဲစခန်းနှင့် ကော့ပြင်း တပ်စခန်းတို့ကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ခမရ ၅၉၉ တပ်ရင်းဌာနချုပ်နှင့် မုန်းသာစည်တံတားကင်း တို့ကိုလည်း တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဖက်မှ လေကြောင်း အပြင်းအထန် အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး စစ်ရေး ရည်မှန်းချက်အတိုင်း လုပ်ဆောင်နိုင်ခဲ့​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောဆိုသည်။

ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀၀ ကျော်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ဘက်မှ ဒုရင်းမှူး အဆင့်ရှိ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦးအပါအဝင် အရာခံအကြပ်စစ်သည် ၂၁ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး တပ်မိသားစုဝင် ၅၈ ဦးကိုလည်း ကျင့်ဝတ်များနှင့်အညီ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

တောင်ပိုင်း စစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ အနေဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးကို စစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နှင့် စစ်ကောင်စီ ယန္တရား လည်ပတ်စေရန် ဆောင်ရွက်နေသူများ အားလုံး ပြည်သူ့ဘက်သို့ ရပ်တည် ပူးပေါင်းကြရန် တိုက်တွန်းကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏ ဘေးအန္တရာယ် ကင်းဝေးစေရန် အတွက်လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ပေးကြပါရန် လေးလေးနက်နက် မေတ္တာရပ်ခံ​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article