25 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် လူပုဂ္ဂိုလ် ၃ ဦးကို ဗြိတိန်နဲ့ မိတ်ဖက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့အရေးယူ

Must read

အကြမ်းဖက် မင်းအောင်လှိုင် လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် လူပုဂ္ဂိုလ် ၃ ဦးကို ဗြိတိန်နဲ့ မိတ်ဖက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့အရေးယူ

ရန်ကုန်| ဒီဇင်ဘာ ၉

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုလက်မှတ်ထိုးတဲ့ ၇၅နှစ်ပြည့် နေ့မှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)က ဗိုလ် မှူးကြီး စောချစ်သူ အပါအဝင် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၃ ဦးကို ဗြိတိန်နဲ့ မိတ်ဖက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှ စစ်တပ်လက်အောက်ခံ BGF ဗိုလ်မှူးကြီး စောချစ်သူနဲ့ အတူ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံရသူတွေဟာ ချစ်လင်းမြိုင် ကုမ္ပဏီ ဒါရိုက်တာတဦးဖြစ်တဲ့ စောမင်းမင်းဦးနဲ့ မြန်မာရထိုက် ကုမ္ပဏီက ရှယ်ယာရှင်တဦးဖြစ်တဲ့ ရှီကျွာကျန်း ( She Zhijiang )တို့ ဖြစ်တယ်လို့ သိရပါတယ်။

မနေ့က ထုတ်ပြန်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုစာရင်းမှာ ကမ္ဘော ဒီးယား၊ လာအိုနဲ့မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၉ဦးနဲ့ အဖွဲ့အစည်း ၅ ခုပါဝင်လာပြီး ဒီအထဲမှာ ဗိုလ်မှူကြီးစောချစ်သူလည်း ပါဝင်တာဖြစ်ပါတယ်။

အခုလို ဒဏ်ခတ်ပိတ်ဆို့အရေးယူရတာဟာ အရှေ့တောင်အာရှဒေသ အတွင်းမှာ အတင်း အဓမ္မခိုင်းစေမှုတွေ၊ လူကုန်ကူးမှုတွေ ပြုလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်နေလို့ အရေးယူတာလို့ သိရပါတယ်။

အခု ပိတ်ဆို့အရေးယူခံရသူတွေနဲ့ အဖွဲ့အစည်းတွေဟာ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတွေမှာ ပါဝင်ခဲ့ပြီး ကျူးလွန်ခံရသူတွေကို အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေမှာ အဓမ္မစေခိုင်းကာ လိမ်လည်မှုလုပ်ငန်းကြီးတွေ ဖြစ်လာစေဖို့ ဦးတည်လုပ်ဆောင်တဲ့နေရာမှာ ပါဝင်ပတ်သက်ခဲ့တာတွေကြောင့်လို့ ဗြိတိန် အစိုးရရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Burma Campaign UK ကတော့ မြန်မာနိုင်ငံ ကရင်ပြည်နယ်မှာရှိတဲ့ လောင်းကစားမြို့တော် ရွှေက္ကိုလ်မြို့သစ်စီမံကိန်းမှာ ပါဝင်တဲ့ စောချစ်သူ၊ စောမင်းမင်းဦးနဲ့ Zhijiang She တို့ ၃ ဦးကို အရေးယူမှုအပေါ် ကြိုဆိုလိုက်ပါတယ်။

Burma Campaign UK က ကလေးစစ်သားစုဆောင်းမှု၊ အရပ်သားများကို ကွပ်မျက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အရပ်သားများအပေါ် နိုင်ထက်စီးနင်း ခွဲခြားဆက်ဆံမှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆယ်စုနှစ်များစွာကြာ မှတ်တမ်းပြုစုခဲ့ရာမှာ နယ်ခြားစောင့်တပ် ခေါင်းဆောင် စောချစ်သူဟာ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူကုန်ကူးမှု၊ အကျင့်ပျက်စီးပွားရေး ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။

Burma Campaign UK က ၂၀၀၀ ခုနှစ်မှာ စောချစ်သူ၊ DKBA နှင့် အပေါင်းအပါတွေကို စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် ပါဝင်ပတ်သက်မှုကြောင့် ဗြိတိသျှအစိုးရအနေနဲ့ ပိတ်ဆို့အရေးယူပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

“ချစ်သူဟာ ထောင်ထဲမှာပဲ ရှိသင့်ပြီး ဒီပိတ်ဆို့အရေးယူမှုတွေက သူ့ကွပ်ကဲမှုအောက်က စစ်သားတွေရဲ့ ဆယ်စုနှစ်ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးယူမှုနဲ့ တာဝန်ယူမှု အတွက် အစခြေလှမ်းဖြစ်သင့်ပါတယ်”လို့ Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။

“ဒီဒဏ်ခတ်ပိတ်ဆို့မှုဟာ ရွှေကိုကိုကိုတင်ပြခဲ့တဲ့ အန္တရာယ်တွေကို သတိပေးဖို့ ကြိုးစားခဲ့တဲ့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်အဖွဲ့ဝင်တွေလို ကရင်အရပ်ဘက်အဖွဲ့အစည်းတွေအတွက် အောင်ပွဲတစ်ခုပါပဲ။”လို့ သူက ဆက်ပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article