39 C
Yangon

ရန်ကုန်တွင် အတွဲလိုက် ပစ်ခတ်သံများကြားရပြီး သာကေတတွင် ဗုံးပေါက်

Must read

ရန်ကုန်တွင် အတွဲလိုက် ပစ်ခတ်သံများကြားရပြီး သာကေတတွင် ဗုံးပေါက်

ရန်ကုန်၊ ဒီဇင်ဘာ ၉

ရန်ကုန်မြို့၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနှင့် မရမ်းကုန်းဘက်တွင် သေနတ် အတွဲလိုက် ပစ်ခတ်သံများကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီ ၄၄ မိနစ်အချိန် အတွဲလိုက် သေနတ်ပစ်သံများကြားရခြင်းဖြစ်ပြီး မြောက်ဥက္ကလာနှင့်တောင်ဥက္ကလာအစပ်၊ ဘေလီတံတားအဆင်းအနီးရှိ စစ်ကောင်စီ၏ ၄၃၅ တပ်ရင်းနှင့် ၄၃၆ တပ်ရင်းဘက်မှ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“ရွှေထွဋ်တင်ဝင်းဘက်မှာ ဂီတဖျော်ဖြေပွဲလုပ်လို့ မီးရှုးမီးပန်းဖောက်တာလို့ ပြောတာလည်းရှိပါတယ်။ ဒါပေမယ့် သေနတ်သံအစစ်ပါ။ မီးပန်းဖောက်တာက အဲဒီလိုမဟုတ်ဘူး။ တစ်ခုခုကို လိုက်ပစ်တဲ့အသံပါ။ ကျနော်က တောင်ဥက္ကလာ ဘေလီတံတားနားမှာ နေလို့ သေနတ်သံက ပိုနီးသလို ခံစားရတယ်။ တပ်ရင်း ၄၃၅၊ ၄၃၆ တပ်ရင်းဘက်က ပစ်တယ်ထင်တယ်။ ဒရုန်းတွေ့လို့ လိုက်ပစ်တာလားတော့မသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ယနေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန် သာကေတမြို့နယ်တွင် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာ ကြားရကြောင်း ရန်ကုန်ကင်းထောက် Eagles News က သတင်းရေးသားထားပြီး သာကေတ ဒေသခံတချို့ကလည်း ဗုံးကွဲသံကြားရမှု မှန်ကန်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ယခုရက်ပိုင်း ညအချိန် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့်နေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article