25 C
Yangon

မုံရွာ-အရာတော် လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် သံပြားကာ ကား ၂ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကြောင်းမှူး ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြား

Must read

မုံရွာ-အရာတော် လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် သံပြားကာ ကား ၂ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကြောင်းမှူး ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ စစ်သားများ လိုက်ပါလာသည့် သံပြားကာ ကား ၂ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်ကြောင်းမှူး ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၈ နာရီ ၇ မိနစ်ခန့်တွင် မုံရွာ – အရာတော် လမ်းပိုင်းတွင် ထူးရာရသေ့ကျောင်းမှ အရာတော် စခတ ၁၀ တပ်ကို မောင်းနှင်လာသည့် အကြမ်းဖက် စစ်တပ်မှ စစ်သားများ လိုက်ပါလာသော သံပြားကာကား ၂ စီးကို ထူးရာရသေ့ကျောင်းအကျော်မှ စတင်၍ ကမ်းဖြူကျေးရွာ အထိ တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်းပွိုင့် ၁၁ နေရာ (မိုင်း အလုံး ၆၀) ၊ လက်နက်ငယ် ၂၀ ဖြင့် ကိုက် ၅၀ အကွာအဝေးမှ ၂ နေရာခွဲ၍ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ကား ၂ စီး ထိခိုက် ပျက်စီးခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသည့် စစ်ဗိုလ် ၁ ဦးပေါင်ထိ ဒဏ်ရာ အပြင်းအထန်ရရှိကာ စစ်ကြောင်းမှူး ၁ ဦး သေဆုံးပြီး စစ်သား ၁၈ ဦး အ​ပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု အပြီးတွင် စစ်သားများက လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ ထူးရာရ​သေ့ကျောင်း၌ ကျန်ရှိနေသည့် တပ်သားများ စစ်ကြောင်း ၁ ကြောင်း ၊ ကျွန်းဖိုပင်ကျေးရွာမှ စစ်ကြောင်း ၁ ကြောင်း ၊ တုံးတင်ကန်ကျေးရွာ မှ စစ်ကြောင်း ၁ ကြောင်း တို့ဖြင့် ကမ်းဖြူကျေးရွာကို ရောက်ရှိလာကာ ခေတ္တ တပ်စွဲပြီးနောက် အရာတော်မြို့ထဲကို ဝင်ရောက် သွားကြောင်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ မုံရွာခရိုင်အထူးလှုပ်ရှားတပ်ဖွဲ့ ၊ မိုင်းမင်းသားမြေအောက် ပျောက်ကြားတပ်ဖွဲ့ ၊ AMT မြေပြင်ပျောက်ကျားတပ်ဖွဲ့ ၊ ဒေါင်းနီ တပ်ဖွဲ့ ၊ ဒုံးပျံ တပ်ဖွဲ့ ၊ သပြေညိုပျောက်ကြားတပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း (၂၇) နှင့် DRA တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article