25 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ဆင်နွှဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအဆင့်ကို အကောင် အထည်ဖော်နေပြီး ပြည်သူတစ်ရပ်လုံး ရရာနည်း၊ ရရာနည်းလမ်းနဲ့ စစ်ကောင်စီကို တော်လှန် ပုန်ကန်ကြဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

– တရုတ်ပြည်သူ့သမ္မတနိုင်ငံ လိယောင်နင်းပြည်နယ် ဒါလီယန်းမြို့ တရားစီရင်ရေးရုံးကနေ ကိုးကန့်ရုပ်သေးအဖွဲ့ဖြစ်တဲ့ ဦးပယ်ဆောက်ချိန်အပါအဝင် ၁၀ ဦးကို ဖမ်းဝရမ်းဆင့်ထုတ်လိုက်တယ်လို့ သိရပါတယ်။

– ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့က စစ်ကောင်စီပြည်နယ်ရဲဌာနချုပ်ကို KNDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ Progressive Karenni People Force – PKPF သတင်းနှင့် ပြန်ကြားရေးဗျူရိုက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အထင်ကရတန်ခိုးကြီး စေတီဘုရားတစ်ဆူဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးအတွက် လှူဒါန်းထားတဲ့ အလှူငွေနဲ့ ဝင်ကြေးတွေကနေရရှိတဲ့ အမေရိကန်ဒေါ်လာတွေကို အပ်ငွေအဖြစ် စစ်ကောင်စီဘဏ်တွေမှာ အပ်နှံထားရာ အဲဒီငွေတွေကို စစ်ကောင်စီက သိမ်းယူလိုက်တဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article