30.5 C
Yangon

ကရင်နီတွင် ပစ်ချခံရ၍ ပျက်ကျခဲ့သော စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦး နှင့် အဆက်အသွယ်ရရှိသည်ဟု စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်း လိမ်လည်ပြောဆိုခဲ့မှု ပိုင်းလော့ ဗိုလ်မှူး ခိုင်သန့်မိုး ဖော်ထုတ်

Must read

ကရင်နီတွင် ပစ်ချခံရ၍ ပျက်ကျခဲ့သော စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦး နှင့် အဆက်အသွယ်ရရှိသည်ဟု စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်း လိမ်လည်ပြောဆိုခဲ့မှု ပိုင်းလော့ ဗိုလ်မှူး ခိုင်သန့်မိုး ဖော်ထုတ်

By ရန်ကုန်ခေတ်သစ်

ကရင်နီပြည်နယ်တွင် ဖမ်းဆီးခံထားရသည့် လေတပ်မှ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးအဖွဲ့များက စစ်မေးမှုများအရ ပျက်ကျသော တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးနှင့် အဆက်အသွယ်ရရှိသည်ဟု စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်း ပြောဆိုမှုသည် လိမ်လည်ဝါဒဖြန့်မှု ဖြစ်ကြောင်း သိရှိရသည်။

လွန်ခ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီလေတပ် ၏ K 8W အမျိုးစားတိုက်လေယာဉ်ပျက်ကျခဲ့ရာ တိုက်လေယာဉ်မှူး ၂ ဦး လေယာဉ်မှ ခုန်ထွက် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ယင်းလေယာဉ်မှူးနှစ်ဦးထဲမှ ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးဖွဲ့များမှ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အကြမ်းဖက် ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောဆိုရာတွင် ပျက်ကျသွားသည့် တိုက်လေယာဉ်မှူးနှင့် တွဲဘက်လေယာဉ်မှူး တို့ကို အဆက်အသွယ်ရရှိထားကြောင်း၊ ကယ်ဆယ်ရန် ကြိုးစားနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် တော်လှန်ရေးအဖွဲ့များ၏ စစ်ဆေးမေးမြန်းမှုများအရ စစ်ကောင်စီနှင့် တိုက်လေယာဉ်မောင်း ပိုင်းလော့ ဗိုလ်မှူးခိုင်သန့်မိုးတို့ မည်သည့် အဆက်အသွယ်မျှ မရရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆက်အသွယ်ရရှိသည်ဟုအကြမ်းဖက်ဇော်မင်းထွန်း၏ ပြောဆိုမှုသည် လိမ်လည် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

K 8W တိုက်လေယာဉ်သည် ကရင်နီပြည်နယ် ဒီးမော့ဆိုရှိ ဘုရားဖြူ ပစ်မှတ်ကို ၂၃ မမ စက်အမြှောက် အချက် ၂၀ နှင့် Rocket ၄ စင်းပစ်ခဲ့ကြောင်း၊ ယင်းနောက် တိုက်လေယာဉ်သည် အချက်ပြ သတိပေးမှု စနစ် (Warning) မြည်လာပြီးနောက် စက်ရပ်သွားကြောင်း ၊မြေပြင်က သေနတ်ဖြင့် ပစ်ခတ်မှု သို့မဟုတ် စက်ချွတ်ယွင်းမှုလားဆိုသည်ကို သဲသဲကွဲကွဲ မသိကြောင်း၊ စက်ရပ်သွားသည်နှင့် တိုက်လေယာဉ်ကနေ ခုန်ထွက်ခဲ့ကြောင်း တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး ကဆိုသည်။

တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးသည် တိုက်လေယာဉ်မှ ခုန်ထွက်ပြီး မြေပြင်မှ သေနတ်သံများ နီးကပ်စွာ ဆက်တိုက် ပစ်ခတ်နေသည်ကို ကြားနေရ၍ ပစ္စတိုသေနတ်နှင့်အရေးပေါ်သုံး ပစ္စည်းများ ကို လေထီးပေါ်မှ ဖြုတ်ချခဲ့ရ ကြောင်း ၎င်းက ထွက်ဆိုသည်။

ပျက်ကျသွားသည့် တိုက်လေယာဉ်ပေါ်မှ အတူတူခုန်ထွက်ခဲ့သည့် တွဲဖက်လေယာဉ်မှူး ဗိုလ်ဇာနည်ထက်မောင် နှင့်လူစုကွဲသွားပြီး တောထဲတွင် တစ်ပတ်ခန့် လမ်းပျောက်နေခဲ့ကြောင်း၊ လမ်းတွင်တွေ့သည့် အသီးအနှံ့များစားသောက်ခဲ့ရပြီး တောင်ယာတစ်ခုတွင် အစားအသောက်လာရှာရမှာ ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းကဆိုသည်။

၎င်းအနေဖြင့် တော်လှန်ရေးအဖွဲ့များက ပေးသည့် ပြစ်ဒဏ်ကို ခံယူသွားမည်ဖြစ်ပြီး မိသားစုဖြင့်ပြန်လည်ဆုံတွေ့လိုကြေင်း၊ ယင်းပြစ်ဒဏ်ပြီးပါက အိမ်ပြန်လိုကြောင်း၊သားနှင့်သမီးကို ဖခင်မဲ့သူများ မဖြစ်စေလိုကြောင်း ဗိုလ်မှူးခိုင်သန့်မိုးကပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article