28 C
Yangon

နွားထိုးကြီးမြို့နယ်၊ ထန်းတောမကျေးရွာရှိ Mytel တာဝါတိုင်ကို ဖောက်ခွဲ ရှင်းလင်း

Must read

နွားထိုးကြီးမြို့နယ်၊ ထန်းတောမကျေးရွာရှိ Mytel တာဝါတိုင်ကို ဖောက်ခွဲ ရှင်းလင်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထန်းတောမကျေးရွာရှိ Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ညနေပိုင်းက နွားထိုးကြီးမြို့နယ်၊ ထန်းတောမကျေးရွာရှိ အကြမ်းဖက် စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို နွားထိုးကြီး ပကဖ ရဲဘော်များက မိုင်းခွဲရှင်းလင်းခဲ့ရာ ပျက်စီး သွားကြောင်း၊ ထိုသို့ မိုင်းခွဲဖျက်ဆီးခဲ့သော် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သား မည်သူ တစ်ဦးတစ်ယောက်မျှ လာရောက်ကြည့်စစ်ဆေးခြင်းမရှိကြောင်း သိရသည်။

“မနေ့က ညနေက ခွဲလိုက်တာ၊ နွားထိုးကြီးမြို့နယ်ထဲက တာဝါတိုင်တွေကို လာကို မကြည့်တော့ တာပါ၊ ဘယ်သူမှ မရှိတော့ဘူး၊ အရင်ကတော့ ဆီလာထည့်နေသေးတာ၊ အခုနောက်ပိုင်း ဆီလာ ထည့်တဲ့သူကို မရှိတော့တာ၊ Mytel က Atom ဘက်လှည့်သွားပြီ၊ တစ်ခါ တစ်ခါ Atom က Mytel Massage တွေဝင်နေတယ်” ဟု နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article