37 C
Yangon

တာမွေတွင် မူးယစ်ဆေးဝါးများ ရောင်းချပြီး စစ်တပ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီးများ ပျော်ပါးလေ့ရှိသည့် ရန်ကုန် The Maze ကလပ်တွင် ယနေ့ နံနက်အစောပိုင်း ဗုံးပေါက်ကွဲ ၊ ယင်းကလပ်က စစ်တပ်နှင့်ရဲထိပ်ပိုင်းနှင့် ဆက်နွယ်နေ

Must read

တာမွေတွင် မူးယစ်ဆေးဝါးများ ရောင်းချပြီး စစ်တပ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီးများ ပျော်ပါးလေ့ရှိသည့် ရန်ကုန် The Maze ကလပ်တွင် ယနေ့ နံနက်အစောပိုင်း ဗုံးပေါက်ကွဲ ၊ ယင်းကလပ်က စစ်တပ်နှင့်ရဲထိပ်ပိုင်းနှင့် ဆက်နွယ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် မူးယစ်ဆေးဝါးများ ရောင်းချပြီး စစ်တပ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီးများ ပျော်ပါးလေ့ရှိသည့် The Maze ကလပ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ယင်းကလပ်ကို ဖွင့်လှစ်ထားသူများသည် စစ်တပ်နှင့်ရဲထိပ်ပိုင်းနှင့် ဆက်နွယ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁ နာရီ ၂၃ မိနစ်အချိန် တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ The Maze ကလပ်အနီးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲသံသည် အလွန်ကျယ်လောင်ပြီး ရန်ကုန်မြို့ နေရာအများစုမှ ကြားရကြောင်း၊ ယင်းအချိန်အထိ အဆိုပါ The Maze ကလပ်မှာ တံခါးပိတ် ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ မနက်အစောကြီး ဗုံးပေါက်တဲ့ The Maze ကလပ်က မူးယစ်ဆေးဝါးပေါ်ပေါ်တင်တင်ရောင်းတဲ့နေရာ။ လူငယ်တွေလာကြတယ်။ အထူးသဖြင့်တော့ စစ်တပ်နဲ့ရဲထိပ်ပိုင်း သားသမီးတွေ၊ ငွေကြေးချမ်းသာသူတွေရဲ့ အသိုင်းအ၀ိုင်းက လူငယ်တွေလာကြတာ။ ဖွင့်တာကလည်း ညလုံးပေါက်ဖွင့်တယ်။ ကာဖျူးရှိလည်း တစ်ညလုံး သူတို့ဖွင့်ကြတာ။ သိရတာက ဖွင့်တဲ့သူတွေကလည်း တပ်နဲ့ ရဲ နဲ့ အဆက်အနွယ်တွေလို့ပြောတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး တရားဝင်ရောင်းလို့ရတာ” ဟု အဆိုပါ ကလပ်အကြောင်း သိရှိထားသူ စီးပွားရေးသမားတစ်ဦးက ပြောသည်။

The Maze ကလပ်တွင် မူးယစ်ဆေးဝါး အသုံးပြုနိုင်သည့် သီးသန့် ဟိုင်းခန်းများ ပြုလုပ်ပေးထားပြီး E ဆိုသည့် အက်တစီ (Ecstasy) ၊K ဟုခေါ်သည့် ကက်တမင်း (Ketamine) ၊ ဟက်ပီးWater အပါအဝင် စိတ်ကြွဆေးပြားမျိုးစုံ ရရှိ ရောင်းချကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်အစောပိုင်း ဗုံးပေါက်ကွဲသည့် The Maze ကလပ်၏ မြင်ကွင်းတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article