30 C
Yangon

လောက်ကိုင်တွင် နေထိုင်သည့် အရပ်သားပြည်သူများနှင့် နိုင်ငံခြားသားများ အမြန်ဆုံးထွက်ခွာကြရန် MNDAA က ထပ်မံ အသိပေး၊ စစ်ကောင်စီ၏ တိုက် ခိုက်မှုအတွင်း တရုတ်နိုင်ငံသားများ သေဆုံးထိခိုက်မှုများရှိနေ

Must read

လောက်ကိုင်တွင် နေထိုင်သည့် အရပ်သားပြည်သူများနှင့် နိုင်ငံခြားသားများ အမြန်ဆုံးထွက်ခွာကြရန် MNDAA က ထပ်မံ အသိပေး၊ စစ်ကောင်စီ၏ တိုက် ခိုက်မှုအတွင်း တရုတ်နိုင်ငံသားများ သေဆုံးထိခိုက်မှုများရှိနေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် နေထိုင်ကြသည့် အရပ်သားပြည်သူများနှင့် နိုင်ငံခြားသားများ အမြန်ဆုံးထွက်ခွာသွားကြရန် ကိုးကန့် MNDAA က ယမန်နေ့တွင် ထပ်မံ အသိပေးလိုက်ကြောင်း သိရှိရသည်။

လတ်တလော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ လူထု ၏ အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ အရပ် သားများ၏ နေအိမ်များကို လေကြောင်းဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သအမြောက်အများ သေဆုံးခြင်းနှင့်ဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် လောက်ကိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ အကြွင်းအကျန်များနှင့် စစ်တပ် လက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်အဖွဲ့တို့က ပေကပ်ခေါင်းမာပြီး တုံ့ပြန် တိုက်ခိုက်နေခြင်းကြောင့် လောက်ကိုင်တွင် တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက် ဗုံးကျဲမှုများ အချိန် မရွေးဖြစ်ပွားလာနိုင်ကြောင်း MNDAA က အသိပေးသည်။

ထို့ကြောင့် ပြည်သူများ၏ အသက်အန္တရာယ်လုံခြုံရေး အတွက် စိုးရိမ်စရာများဖြစ်လာနိုင်ကြောင်း၊ သို့ဖြစ်၍ ပြည်သူများအနေဖြင့် လုံခြုံဘေးကင်းသည့် နေရာသို့ အမြန်ဆုံး တိမ်းရှောင်ကြရန်၊ နိုင်ငံခြားသားများအနေဖြင့် MNDAA ၏ သက်ဆိုင်ရာ ဌာနထံသို့ လျှင်မြန်စွာ လာရောက်စာရင်းပေးပို့ပြီး တရားဝင် လမ်းကြောင်းဖြင့် အမြန်ဆုံး အိမ်ပြန်ကြရန် MNDAA က တိုက်တွန်းသည်။

ယင်းအပြင် MNDAA အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဆိုက်ဘာမှုခင်းလုပ်ငန်း(ကျားဖြန့်) လုပ်ဆောင်သူများကို ဆက်လက်ပူးပေါင်း ဖမ်းဆီးသွားမည်ဖြစ်ပြီး ကျားဖြန့် လုပ်ငန်းရှင်များအနေဖြင့် အဖမ်းမခံရနိုင်ပါဘူးဆိုသည့် စိတ်သဘောမျိုး မထားရှိကြရန်၊ အသိစိတ်ဖြင့် မိမိနိုင်ငံသို့ ပြန်၍ ပြစ်မှု ဝန်ခံကြရန် တိုက်တွန်းထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ လောက်ကိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို မျက်ခြည် မပြတ်စောင့်ကြည့်နေကြောင်း၊ တရုတ်နိုင်ငံသားများ ထိခိုက်မှုများနှင့်ပတ်သက်ပြီး မြန်မာဘက်သို့ ကန့်ကွက်ချက်ပေးပို့ထားကြောင်း ၊ နှစ်ဖက်စလုံးအနေဖြင့် တရုတ်နိုင်ငံသားများကို ထိခိုက်မှုများ မရှိစေရေး နှင့်လုံခြုံရေးအတွက် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရ Mao Ningက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article