37 C
Yangon

ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး

Must read

ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီး ပျူရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Ngwe Dwin Revolution Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်က ဝက်လက်မြို့နယ်၊ ရွာသာကြီး ပျူရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများကို မောင်းသူမဲ့ ဒရုန်းလေယာဉ်ငယ်ဖြင့် ဗုံးသီး ၃ လုံး၊ ညနေ ၄ နာရီခွဲခန့်တွင် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၆ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစော ထီးများက ၆၀ မမ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ရွာကလမ်းဘေးမှာဆိုတော့ ဗုံးကျကွဲပြီး နှစ်ယောက်တော့ သွေးတွေ ဒလဟောထွက်ပြီး ဆွဲသွား တာကို မြင်တယ်လို့ ကင်းထောက်တွေဆီက သိရတယ်၊ ပြန်ပစ်တာက ၆၀ မမ ၂ လုံးပါ၊ ကျနော်တို့ ဆီမရောက်ဘူး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာလဲရှိတယ်၊” ဟု Ngwe Dwin Revolution Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Ngwe Dwin Revolution Force ၊ MRTF ၊ MMU ၊ ကျားညီနောင် LPDF နှင့် ရွာသာကြီးတိုက်နယ်ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအနီးရှိ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းမှ အရာရှိတိုက်ခန်းနှင့် လိုင်းခန်းများကို ဒရုန်းလေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း နယ်စည်းမခြား စစ်ကိုင်းအဖွဲ့မှ ကိုတာတေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၂၉ရက်နေ့ မွန်းတည့် ၁၂နာရီအချိန် အုန်းတောရွာအနီးတွင် ပြည်သူပိုင် နေအိမ်များနှင့်ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်လေ့ရှိသော အမှတ် ၆၀၀၅ တင့်ကား တပ်ရင်း အတွင်းရှိ အရာရှိတိုက်ခန်းများနှင့် လိုင်းခန်းများပေါ်သို့ ဒရုန်းလေယာဉ်များဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်ချိန်အတွင်း စစ်တပ်က တန်ပြန်ပစ်ခတ်မှုများရှိသော်လည်း မိမိတို့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးကို နယ်စည်းမခြား စစ်ကိုင်းသား အဖွဲ့၊တောတွင်း တွတ်ပီအဖွဲ့၊မန္တ‌လေးခရိုင် အမှတ် ၅ တပ်ရင်း၊ တပ်ခွဲ ၄၊ အညာညီနောင် တပ်‌ပေါင်းစုတို့က ပူပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article