By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ပြင်ဦးလွင်က သသနတပ်ထဲမှာ စစ်သားမိန်းမတွေအပါအဝင် အမျိုးသမီး မှန်သမျှ စစ်သင်တန်း မဖြစ်မနေ တက်ခိုင်းထားပြီး သင်တန်းမတက်ရင် လိုင်းခန်း ပြန်သိမ်း မယ်ဆိုပြီးတော့ပါ စစ်ကောင်စီက ဖိအားပေးနေ ပြီလို့ တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ပဲခူးတိုင်းက မုန်းမြို့တိုက်ပွဲမှာ လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်ကောင်စီ တပ်သား ၁၉ ဦး နဲ့ မိသားစုဝင် ၄၂ ဦး ကို KNU ကနေ ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက် ထားတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန် ထားပါတယ်။
– မကွေးတိုင်းက ရေစကြို-ပခုက္ကူ ကားလမ်းမှာ အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီး ဂိတ်တွေက ခရီးသွား ပြည်သူတွေဆီကနေ ငွေကျပ် ၃ ထောင်ကနေစပြီး သိန်းကို ဆယ်နဲ့ချီ အတင်းအဓ္ဓမ ငွေကြေး တောင်းခံနေတဲ့ အပြင် ၊ ဆန်၊ ဆီ၊ ဆားနဲ့ လူသုံးကုန်ပစ္စည်းမှန်သမျှကိုလည်း စစ်တပ် နဲ့ ပျူစောထီးတွေက လုယက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KNU
