30 C
Yangon

ဘီလင်း၊ မင်းတပ်နှင့် ကောလင်းမြို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး စေတီတစ်ဆူ၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၈ လုံးပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စေတီတစ်ဆူ၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၆ လုံးပျက်စီးခဲ့ ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီ ၄ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၃ ခြေမြန် တပ်ရင်းက ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအတွင်းကို လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ဝင်းတာပန်ရွာ အနီးရှိ သာလည်ထ (ဒေသအခေါ်အဝေါ်) နေရာတွင် ကျရောက်ပေါက်ကွဲပြီး သာလည်ထဘုန်းကြီး ကျောင်းနှင့် စေတီတော် တို့ လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် စစ်ကောင်စီ၏ (Mi-35P Attack Helicopter) ရဟတ်ယာဉ်ဖြင့် ဝင်းတာပန်စခန်းအနီး တဝိုက်ကို ၁ နာရီခန့်အကြာ ပျံဝဲ ပစ်ခတ်ခဲ့ရာ ဝင်းတာပန် ရွာမှ နေအိမ် ၆ လုံးပျက်စ်ီးခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဝင်းတာပန်စခန်းမှ လက်နက်ကြီး ၁ လုံး ဝင်း တာပန်ကျေးရွာထဲသို့ ပစ်ခတ်ခဲ့ရာ နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှု အသက် ၇၃ နှစ်အရွယ် အဖွားအို ၁ ဦးသေဆုံးခဲ့ကြောင်း Chin Defence Force-Mindat ထံမှ သိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ၂ နာရီ ၄၅ မိနစ်ခန့်တွင် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၂ ရှိ ဝမ္မသူးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အတွဲလိုက်ဗုံး ၄ လုံး ၊ ပွိုင့်ဖိုက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လူနေအိမ် ၇ လုံးထိခိုက်ပျက်စီးခဲ့ပြီး အသက် ၇၃ နှစ်အရွယ် အဖွားအို ၁ ဦး သေဆုံးခဲ့ကြောင်း Chin Defence Force-Mindat က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် ကောလင်းမြို့ကို ဝန်းသိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၁၂၀ တပ်ရင်းက လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ် ၂ လုံးမီးလောင် ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ခဲ့သည့် နေအေိမ် ၂ လုံးတွင် ပြည်သူများ နေထိုင်ခြင်းမရှိကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ChinDefenceForceMindat #Mi35PAttackHelicopter #KNU

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article