35 C
Yangon

Update News- နမ့်ဖတ်ကာတွင် KIA က ပစ်ချလိုက်သော FTC 2000G တိုက်လေယာဉ်သည် နမ့်စန် လေဆိပ်စခန်းဌာနချုပ်မှဖြစ်ပြီး သေဆုံးသူ လေယာဉ်မှူး ၂ ဦး အနက် ၁ ဦးမှာ ဗိုလ်မှူးကောင်းထက်စံ ဖြစ်ကြောင်း အတည်ပြု

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာ၊ မနူယာန် ဒေသတွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏ FTC 2000G တိုက် လေယာဉ်ကို KIA က ပစ်ချခဲ့ပြီး ယင်းလေယာဉ်သည် နမ့်စန်လေတပ်စခန်းဌာနချုပ်မှ ဖြစ် ကြောင်း၊ လေယာဉ်ပျက်ကျမှုကြောင့် တိုက်လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ပြီး လေယာဉ်မှူး ၁ ဦးမှာ ဗိုလ်မှူးကောင်းထက်စံဖြစ်ကြောင်း နမ့်စန်လေတပ်နှင့် နီးစပ်သော သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် အဆိုပါ တရုတ်လုပ် FTC 2000G တိုက်လေယာဉ်သည် နမ့်ဖတ်ကာကို ဗုံးလာကျဲစဉ် ပစ်ချခံရခြင်း ဖြစ်ကြောင်း၊လေယာဉ်မှူး ၂ ဦးစလုံး သေ ဆုံး သွားခဲ့ပြီး ယင်းလေယာဉ်သည် နံနက် ၉ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် ဗုံးကျဲ ရန် နမ့်စန်လေတပ်စခန်းမှ ထွက်ခွာ သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“လေယာဉ်မှူး ၂ ဦးစလုံးက ပြောင်းလာတာ မကြာသေးဘူး။ လေယာဉ်က လည်း အသစ်၊ လေယာဉ်မှူးတွေကလည်း ပြောင်းလာတာ မကြာသေးတဲ့ အသစ်တွေ။ အဲဒီအထဲမှာ လေယာဉ်မှူး တစ်ဦးက ဗိုလ်မှူးကောင်းထက်စံလို့ အတည်ပြု လို့ရတယ်။ လေယာဉ်က နမ့်စန် လေဆိပ်စခန်းဌာနချုပ်က တက် တာ။ နောက် လေယာဉ်မှူးတစ်ဦးရဲ့ နာမည်က မသိရသေးဘူး။ ဗိုလ်မှူး ကောင်းထက်စံက မှော်ဘီလေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ် လို့သိ ရ တယ်” ဟု နမ့်စန်လေတပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က တရုတ် FTC 2000 G တိုက်လေယာဉ် ၆ စီး ဝယ်ယူ ခဲ့ပြီး နမ့်စန် လေတပ် စခန်းဌာနချုပ်သို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရောက်ရှိ ခဲ့ကြောင်း၊ တရုတ်နိုင်ငံလုပ် FTC 2000 G တိုက် လေယာဉ် ၆ စီးသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ နှစ်သုတ်ခွဲ၍ နမ့်စန် လေတပ် စခန်း ဌာန ချုပ်သို့ရောက်ရှိခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

စစ်ကောင်စီက တရုတ်နိုင်ငံ၊ Guizhou Aviation Industries Corporation (GAIC) က ထုတ် လုပ်သည့် FTC 2000 G အမျိုးအစား ၂ ယောက် မောင်း Fighter လေယာဉ် ၆ စီးကို မှာယူခဲ့ကြောင်း၊ ယင်းလေယာဉ် များ ကို တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ်၊ Xishuangbanna Gasa လေဆိပ်မှ နမ့်စန် လေတပ် စခန်းဌာနချုပ်ထံသို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက် နေ့အထိ တစ်ကြိမ်လျှင် လေယာဉ် ၃ စီးဖြင့် တစ်အုပ်စုအဖြစ် အုပ်စုဖွဲ့၍ ၂ ကြိမ် လေယာဉ် ၆ စီး ပျံသန်း ရောက်ရှိ လာခဲ့ ခြင်း ဖြစ်ကြောင်း၊ တရုတ် လုပ် FTC 2000 G တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၈ သန်းခွဲဝန်းကျင် ကျသင့် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- နမ့်စန်လေတပ်စခန်းဌာနချုပ်၏ အဝင်းမုခ်ဦး။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #GuizhouAviationIndustriesCorporation(GAIC) #FTC2000G #Fighter #XishuangbannaGasa #KIA #နမ့်ဖတ်ကာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article