ရန်ကုန်၊ ဇန်နဝါရီ ၁၇
အကြမ်းဖက်စစ်ကောင်စီတပ်၏ တင့်ကား ၂ စီးနှင့် သံချပ်ကာ ၁ စီးတို့ကို KNU က ဖျက်ဆီးနိုင်ခဲ့ကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန် ကြေညာ သည်။
ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၃ နာရီ၊ ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီ၊ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တို့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့သို့ ပဲနွယ်ကုန်းမြို့မှ စစ်ကူလာသည့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တင့်ကား နှင့် သံချပ်ကာကားပါ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တင့်ဖျက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
KNU နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တင့်ကား ၁ စီးမှာ မိုင်းပေါက်ကွဲမှုကြောင့် ပက်လက်လှန်သွားကာ သံချပ်ကာကားမှ ရှေ့ပိုင်း (၁) ပိုင်းလုံး ပျက်စီးသွား ခဲ့ကြောင်း၊ ထိုကား ၂ စီးစလုံးကို ပဲနွယ်ကုန်းမြို့ အတွင်း သို့ ကရိန်းကားများဖြင့် ဆွဲသွားကြောင်း ၊ ထို့ပြင် နတ်သံကွင်းမြို့အနီး ညောင် ဝိုင်း ကျေးရွာအနီး၌လည်း တင့်ကား ပျက် (၁) စီးရောက်ရှိနေကြောင်း KNU က ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တင့်ကား၊ သံချပ်ကာ ကား ၁၀ စီးထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
ဓါတ်ပုံ − နတ်သံကွင်းမြို့သို့ ပဲနွယ်ကုန်းမြို့မှ စစ်ကူလာသည့် စစ်ကောင်စီတပ် ၏ ထိခိုက်ပျက်စီးနေသော တင့်ကားတစ်စီး။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KNU #စစ်ကောင်စီ