35 C
Yangon

တံတားဦးမြို့နယ်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၃ ဦး ပစ်ခတ် တိုက်ခိုက်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးလုံး သေဆုံးခဲ့ကြောင်း တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့တွင် တံတားဦးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော တပယ်ကျေးရွာမှ Non CDM ကျောင်းဆရာမ မီမီထွန်း၊ ထောက်ရစ်ကျေးရွာမှ စိုးမြင့်ထွန်းနှင့် သက်နွယ်အောင်တို့ကို တံတားဦးမြို့နယ် ပကဖက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

တပယ်ကျေးရွာတွင် နေထိုင်သော Non CDM ကျောင်းဆရာမ မီမီထွန်းသည် အကြမ်းဖက် စစ်တပ်ကို ခေါ်ဆောင်ကာ တော်လှန်ရေးရဲဘော်များ၏ နေအိမ်များကို လိုက်ပြ၍ ဖမ်းဆီးခိုင်းခြင်း၊ ဖျက်ဆီးခိုင်းခြင်း၊ ထောက်ပို့ရဲဘော်များကိုလည်း ဖမ်းဆီး သတ်ဖြတ်ခိုင်းခြင်း၊ အကြမ်းဖက် စစ်တပ်နှင့် ရင်းနှီးမှုကို အသုံးချကာ ပြည်သူများကို အနိုင်ကျင့် နှိပ်စက်ခြင်း၊ ၎င်း၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံထားရသော ပြည်သူများ၊ ထောင်ချခံထားရသော ပြည်သူများနှင့် တော်လှန်ရေးသမားဟု စွပ်စွဲကာ နေအိမ်များကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးခိုင်းမှုကြောင့် အချို့ပြည်သူများသည် မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ကြရကြောင်း သိရသည်။

သေဆုံးသွားသော မီမီထွန်း၏ အကြမ်းဖက် စစ်တပ်ထံ သတင်းပေးပို့မှုကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းက တံတားဦးမြို့နယ် ပကဖ၏ လုပ်ငန်း ဖော်ဆောင်မှုတစ်ခု ပျက်ခဲ့ရပြီး ရဲဘော်များကို အချိန်မီ ကယ်ထုတ်ခဲ့ရကြောင်း၊ ဒေသတွင်း တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များကို ပေါက်တောရွာ၌ အထိုင်ချ တပ်စွဲနေသော စစ်ဗိုလ် ၁ ဦးထံ သတင်းပေးပို့၍ ဒုက္ခပေးနေသောကြောင့် တံတားဦးမြို့နယ် ပကဖ ရဲဘော်များက ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၉ နာရီခန့် Non CDM ကျောင်းဆရာမ မီမီထွန်းကို ၎င်း၏ နေအိမ်၌ပင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရသည်။

ထောက်ရစ်ကျေးရွာ၌ နေထိုင်သော အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ စိုးမြင့်ထွန်းနှင့် သက်နွယ်အောင်တို့ကိုလည်း ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၉ နာရီခန့်တွင် တံတားဦးမြို့နယ် ပကဖ ရဲဘော်များက ၎င်းတို့၏ နေအိမ်၌ပင် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသွားသော စိုးမြင့်ထွန်းသည် အကြမ်းဖက် စစ်တပ်က အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ဖြစ်ပြီး ကျေးရွာအတွင်းရှိ CDM ဝန်ထမ်းများကို ဖမ်းဆီးခိုင်းခြင်း၊ စစ်တပ်က စစ်ကြောင်းထိုးရာတွင် လမ်းပြအဖြစ် လိုက်ပါခြင်း၊ တံတားဦးမြို့နယ်အတွင်း စစ်တပ်၏ နယ်မြေစိုးမိုးမှုရရေးအတွက် ကြိုးကိုင်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေသော သူတစ်ဦး ဖြစ်ကြောင်း၊ အလားတူ သေဆုံးသွားသော သက်နွယ်အောင်သည်လည်းခလက်ပံဇင်ကျေးရွာမှ စိတ်ရောဂါ ခံစားနေရသူ ပြည်သူတစ်ဦးကို တော်လှန်ရေးသမားဟု စွပ်စွဲကာ ဖမ်းဆီးခိုင်းပြီး ၎င်းကိုယ်တိုင် သံတုတ်နှင့် ရိုက်သတ်ခဲ့ကြောင်း၊ တော်လှန်ရေး အင်အားစုများ၏ လှုပ်ရှားမှုများကိုလည်း စစ်တပ်ထံ သတင်းပို့ကာ ကျေးရွာအတွင်း၌လည်း စစ်တပ် အားကိုးဖြင့် ပြည်သူများ အပေါ် အနိုင်ကျင့် ဗိုလ်ကျခြင်း၊ စစ်ကောင်စီအား ခေါ်ယူဖမ်းဆီး နှိပ်စက်ခိုင်းခြင်းများ ဆောင်ရွက် လျက်ရှိသူဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းကာ တော်လှန်ရေးအင်အားစုများကို ဒုက္ခပေးခြင်း၊ CDM ဝန်ထမ်းများကို ခြိမ်းခြောက် ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်း၍ ပြည်သူများကို အနိုင်ကျင့်နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ ဆောင်ရွက်လျက်ရှိသောကြောင့် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို အချိန်အတိုင်းအတာ တစ်ခုအထိ လေ့လာစောင့်ကြည့်ခဲ့ပြီး ၎င်းတို့ အနေဖြင့် အကြမ်းဖက် စစ်တပ်အတွက် လှုပ်ရှား ဆောင်ရွက်နေသည်မှာ မှန်ကန်ကြောင်း၊ ပြည်သူများသည်လည်း ၎င်းတို့ကြောင့် ဒုက္ခရောက်နေရကြောင်း အတိအကျသိရှိရ၍ ပြည်သူများ၏ ဒုက္ခကို ပြေလည်စေရန်၊ တော်လှန်ရေး အင်အားစုများ၏ လှုပ်ရှားမှုများ အဆင်ပြေစေရန် ရည်ရွယ်‌၍ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၃ ဦးကို ရှင်းလင်းခဲ့​ခြင်းဖြစ်ကြောင်း တံတားဦးမြို့နယ် ပကဖ က အသိပေး ထုတ်ပြန်ထားသည်။

တံတားဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးခြင်း၊ ပြည်သူများကို ဒုက္ခ‌ ပေးခြင်း၊ တော်လှန်ရေးဆိုင်ရာ သတင်းအချက်အလက်များကို စစ်တပ်ထံ ပေးပို့နေသော မည်သူ့ကိုမဆို တံတားဦးမြို့နယ် ပကဖ က ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတာဝန်ခံက ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #CDM #မန္တလေးတိုင်း #စစ်တပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article