By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကို ဆက်လက်ရွေလျား ဆောင်ရွက်နေပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ ဘုံရည်မှန်းချက်အတွက် ပုံမှန်အလုပ်လုပ်နေပါတယ်လို့ ညီနောင် ၃ ဖွဲ့က ဇန်န်ဝါရီလ ၁၈ ရက်နေ့ ညပိုင်းမှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီက အပစ်ရပ်ရေး သဘော တူညီ ချက်ကို ချိုးဖောက်ပြီး လက်နက်ကြီး နဲ့ လေကြောင်း ပစ်ခတ်မှုတွေ ဆက် လက် လုပ်ဆောင်နေတယ်လို့ တအာင်း တပ်မတော် TNLA က ပြောပါတယ်။
– ပဲခူးတိုင်းက နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖြစ် အမှု မထမ်းချင်ဘူးဆိုပြီး ငြင်းဆန်ခဲ့တဲ့ ပြည်သူ ၃ ဦးကို စစ်တပ် က အကြမ်းဖက် ဖမ်း ဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution
