37 C
Yangon

ပေါင်းတည်တွင် ပျူစောထီး စုဆောင်းရန် ထွက်လာသည့် စစ်ကြောင်းကို တိုက် ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ အထိနာသော စစ်တပ်က တိုက်ခိုက်ခံရ သည့် အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ပျူစောထီး စုဆောင်းရန် ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးကြောင်း ပေါင်း တည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် ၃၆၀၁ (PPDF) တပ်ရင်းမှ ဆက်သွယ် ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန် ပြည်သူ့စစ် ဟုအမည် တပ်ကာ ပျူစောထီးများစုဆောင်းရန်အတွက် ပေါင်းတည်မြို့ နယ်၊ သစ်ပုတ် တာဝါတိုင် အထိုင်စခန်းမှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦးကို မအူကွင်းရွာအနီးတွင် ပြည်ခရိုင်တပ်ရင်း ၃၆၀၁ ၊ PPDF တပ်ရင်း Sniper အဖွဲ့ နှင့် တပ်ခွဲအသီးသီးမှ တော်လှန်ရေးရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ စစ် သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မအူကွင်းရွာထဲသို့ထွက်ပြေးဝင်ရောက်သွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အထိနာသဖြင့် တိုက်ခိုက်ခံရသည့် နေရာအနီးရှိ မအူကွင်းကျေးရွာကို မီးရှို့ ဖျက်ဆီးရာ နေအိမ် ၃၃ လုံး ပျက်စီးပြီး အိမ်ထောင်စု ၃၃ စု လူဦးရေ ၁၂၉ ဦး အိုးမဲ့ အိမ်မဲ့ဖြစ်သွားရကြောင်း သိရှိရသည်။

ထို့နောက် ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန် ပေါင်းတည်မြို့နယ်၊ မအူကွင်း ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ်စစ်ကြောင်းသည် တောင် ခမောက်ရွာဘက်သို့ ထွက်ခွာ လာစဉ် ပြည်ခရိုင်တပ်ရင်း(၃၆၀၁ PPDF) တပ်ရင်း Sniperအဖွဲ့က စတင်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် တော်လှန်ရေး တပ်ခွဲများက စစ်တပ်စစ်ကြောင်းကို မိုင်း ၃ ကြိမ်ဆွဲ၍တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယင်းနောက် စစ်ကောင်စီတပ်က တောင်ခမောက်ရွာထဲသို့ ဝင်ရောက်ပြီး ဇန်နဝါရီ လ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ကျေးရွာကို မီးတင် ရှို့ခဲ့ကြောင်း၊ မီးရှို့မှု ကြောင့် နေအိမ် ၇၂လုံး၊စပါးကျီ ၃ လုံး၊ပညာရေး ဝန်ထမ်း အဆောင် ၁ လုံး မီးလောင်ပြာကျသွားပြီး ပြည်သူ ၂၂၉ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွား ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PPDF #Sniper #စစ်ကြောင်း #စစ်တပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article