37 C
Yangon

ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံး

Must read

ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် သဖြင့် ပြည်သူ ၃ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် ဘီးလင်းမြို့နယ်၊ တက်တူကုန်း ကျေးရွာထဲသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရရှိသူ စိုးရိမ်ရ ၅ ဦးနှင့် မစိုးရိမ်ရ ဒဏ်ရာရရှိသူ ၂ ဦး ရှိ ကြောင်း သိရှိရသည်။

“စစ်တပ်က ပစ်တဲ့ လက်နက်ကြီးထိမှန်သေဆုံးသူတွေကတော့ ဒေါ်နော်မူ(ခ) ဒေါ်ယဉ်ယဉ်ဌေး (အသက် ၄၉ နှစ်)၊ မစန္ဒာ အသက် ၂၂ နှစ်၊ ၊ နော်ကော်လာမူ တို့ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတွေမှာ အသက် ၄၆ နှစ်အရွယ် ဒေါ်တောသား (စိုးရိမ်ရ)၊ အသက် ၆၈ နှစ် အရွယ် ဒေါ်ခင်သန်း (စိုးရိမ်ရ) ၊ အသက် ၂၆ နှစ်အရွယ် မဝါဝါသင်း(စိုးရိမ်ရ)၊ အသက် ၂ နှစ်အရွယ် မောင်ရဲရင့်နောင် (စိုးရိမ်ရ)၊ အသက် ၄၃ နှစ်အရွယ် စောမျိုးဇော် (စိုးရိမ်ရ)၊ အသက် ၄၀ နှစ်အရွယ် ဒေါ်ခင်ဝင်းလှိုင်(မစိုးရိမ်ရ) ၊ ခရီးသွားပြည်သူတစ်ဦး (မစိုးရိမ်ရ) စုစုပေါင်း သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးဖြစ်ပါတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ဘီးလင်းမြို့နယ် #စစ်တပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article