36 C
Yangon

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ ပြည်သူများကို စစ်တပ်က ရွာထဲမှ မောင်းထုတ်ပြီး ထွက်ခွာခြင်း မရှိသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်

Must read

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ ပြည်သူများကို စစ်တပ်က ရွာထဲမှ မောင်းထုတ်ပြီး ထွက်ခွာခြင်း မရှိသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ရွာထဲမှ မောင်းထုတ်နေပြီး ထွက်ခွာခြင်း မရှိသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်ကို အကြမ်းဖက် စစ်တပ်က ပုဒ်မ ၁၄၄ ထုတ်ထားသည်ဆိုကာ ကျေးရွာအတွင်းရှိ ပြည်သူများကို မောင်းထုတ်ပြီး စစ်ကြောင်း ကျေးရွာအတွင်း ရောက်ရှိလာချိန်ထိ ထွက်ခွာခြင်းမရှိသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဆင်တဲကုန်း၊ ၀ါးဖြူချောင်း၊ သိုက်၀ါးချောင်း၊ နွယ်ခွေ၊ ညောင်ကုန်း၊ ဝင်းသရက်၊ ကိုင်းတောစု၊ ချောင်းစောက်၊ ကိုင်းချိုကြီး၊ မြေပြာ စသည့် ကျေးရွာများကို မလာရဲသောကြောင့် စာဖြင့် အကြောင်းကြားစာ ပေးပို့ကာ ရွေ့ပြောင်းခိုင်းပြီး ဆည်ရွာ၊ လင်းနေစန်း၊ ကမ်းနီ၊ တံငါကုန်း၊ ရွာရှောင်၊ ကျွဲဖြူမ၊ ရွေကြာအင်း စသည့် ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကိုယ်တိုင် သွားရောက် ပြောဆိုကြောင်း သိရှိရသည်။

“ပဲခူးရိုးမထဲက ရွာတွေကို ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် ရွာတွေထဲက အကုန်ထွက်သွားကြရမယ်တဲ့ မနေ့က ညတွင်းချင်း အကုန်ထွက်​ပေးရတာ သူတို့တွေ လာတဲ့အခါ တွေ့တဲ့နေရာမှာ ပစ်သတ်မှာလို့ စစ်ခွေးတွေက ပြောတယ်​။ လက်ရှိဆယ်ရွာမှာ စစ်ခွေး ၃၀ ကျော်နဲ့တပ်ဆွဲထားတယ်။ ပြည်သူတွေ တော်တော် ဒုက္ခရောက်နေကြတယ်။ စစ်ခွေးတွေက ရွာတွေကို လေယာဥ်နဲ့ ဗုံးကျဲမလား။ လက်နက်ကြီးနဲ့ ထုမလားမသိဘူး။ ဝိုင်းရဲစခန်းကိုလည်း စစ်ခွေး ၁၅၀ကျော် ဖောကားတွေနဲ့ လာပို့ပြီး အင်အားထပ်ဖြည့်ထားတယ်။ စစ်ကြောင်းထိုးပြီး ရွာတွေထဲဝင်မလားမသိဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #အုတ်ဖိုမြို့နယ် #စစ်တပ် #ပြည်သူ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article