25 C
Yangon

ပုလဲမြို့နယ်ရှိ ထွေအုပ်ရုံး၊ စစ်ဆေးရေးဂိတ်နှင့် ရေစကြိုမြို့နယ်ရှိ ပုခန်းကြီးရဲစခန်း၊ ဆင်ချောင်းပျူစောထီးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ပုလဲမြို့နယ်ရှိ ထွေအုပ်ရုံး၊ စစ်ဆေးရေးဂိတ်နှင့် ရေစကြိုမြို့နယ်ရှိ ပုခန်းကြီးရဲစခန်း၊ ဆင်ချောင်းပျူစောထီးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ထွေအုပ်ရုံး၊ စစ်ဆေးရေးဂိတ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပုခန်းကြီးရဲစခန်း၊ ဆင်ချောင်းပျူစောထီးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာ သို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပုလဲမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရေစကြိုမြို့နယ်ရှိ ပုခန်းကြီးရဲစခန်းနှင့် ဆင်ချောင်းပျူစောထီးရွာတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces ၊ Urban Underground Revolution Force ၊ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆ ၊ ပခုက္ကူခရိုင် Local တပ်ပေါင်းစု အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #27RevolutionForces #UrbanUndergroundRevolutionForce #ပုလဲမြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article