ရန်ကုန်၊ ဇန်နဝါရီ ၂၂
ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုကျော်ဇောက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်ရှိ လည်ငေါက်ကျေးရွာဘက်ကို ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို
ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လည်ငေါက်ကျေးရွာနှင့် မတောင့်တကျေးရွာ အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်သား ၂ ဦး၏ အလောင်းများကို အကြမ်းဖက် စစ်တပ်က လည်ငေါက်ကျေးရွာ၏ တောင်ဘက် တစ်နေရာ၌ မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ စစ်ခွေး စစ်ကြောင်းကို လည်ငေါက်ကျေးရွာနဲ့ မတောင့်တကျေးရွာ တောင်ဘက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက မိုင်းဆွဲ တိုက်ခိုက်လို့ သေသွားတဲ့ စစ်ခွေး အလောင်း ၂ လောင်းကို အားမီးရှို့ ဖျောက်ဖျက်ခဲ့တယ်။ ဒဏ်ရာရသူတွေလည်း များတယ်” ဟု ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုကျော်ဇောက ပြောဆိုသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution