35 C
Yangon

မြိုင်မြို့အထွက်ရှိ စစ်တပ် တပ်စွဲထားသော မန္တလေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၄ ဦးသေဆုံး၊ မြိုင်မြို့ရှိ တပ်စွဲထားသော နေရာ ၅ ခုကို ဗုံးသီး အလုံး ၂၀၀ ကျဲချ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မကွေးတိုင်း၊ မြိုင်မြို့အထွက်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မန္တလေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး မြိုင်မြို့ရှိ တပ်စွဲထားသော နေရာ ၅ ခုကို ဗုံးသီး အလုံး ၂၀၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း Earthquake People’s Defence Force (Pakokku)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက် နံနက် ၅ နာရီခန့်က မြိုင်မြို့မှ မန္တလေးမြို့အထွက်ရှိ စစ်ကောင်စီတပ် သားများ တပ်စွဲထားရာ ဘန်ကာဂိတ်စခန်း ၂ ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စက်ကလေးထားသည့် ဘန်ကာ အဆောက်အအုံတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ် ကောင်စီတပ်သား ၄ ဦးသေဆုံးကာ ၁၀ ဦး ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ဖောကားတစ်စီးဖြင့် မြိုင်မြို့ ဆေးရုံ အတွင်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။

“မြိုင်ကနေ မန္တလေးဘက်ကို ထွက်တဲ့ ဂိတ်ကို တိုက်တာ၊ ဂိတ်က ဘန်ကာ ၂ ခုရှိတာ၊ အဲဒီ ၂ ခုထဲက တစ်ခုကို သိမ်းပိုက်နိုင်ခဲ့တာ၊ သိမ်းပိုက်နိုင်တဲ့ဘန်ကာက စက်ကလေးထိုင်တဲ့ တိုက်ပုံစံမျိုးဘန်ကာ ပေါ့၊ အဲဒီထဲမှာ စက်ကလေးရှိတာ၊ အဲဒီဘန်ကာကို ရခဲ့တာ၊ လက်နက်တွေ သိမ်းနိုင်ခဲ့တာတော့ မရှိဘူး၊ ကျနော်တို့ဘက်က စပြီးပစ်ခတ်တဲ့အချိန်မှာ ကျနော်တို့ဘက်က တရစပ်ပစ်နေတာ ဆိုတော့ စစ်ခွေး ၄ ကောင်ကျတယ်၊ ကျန်တဲ့သူတွေက ဂိတ်ကနေ မြို့ထဲအထိ ခြေလျင်ပြေးသွားတာ၊ အခု လက်ရှိတော့ ပစ်ခံရတဲ့ ဂိတ်နားမှာ သေသွားတဲ့ ခွေး ၄ ကောင်ကို မီးသင်္ဂြိုလ်ပြီးတော့ ထိခိုက်တဲ့ သူတွေကို ဖောကားနဲ့ သယ်သွားတယ်၊ ထိခိုက်တာတော့ ၁၀ ဦးလောက်ရှိမယ်၊ ကျနော်တို့ဘက်က ရုတ်တရက်ဝင်တာဆိုတော့ သူတို့ဘက်က ကောင်းကောင်းပစ်ချိန်မရလိုက်ဘူးကျနော်တို့ဘက် အသားစီး ပစ်ရတဲ့အနေအထားပေါ့” ဟု Earthquake People’s Defence Force (Pakokku)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း မြိုင်မြို့အမှတ် ၂ စာသင်ကျောင်း၌ အထိုင်ချထားသော စစ်ကောင်စီတပ် သားများက လက်နက်ကြီး အချက် ၂၀ ခန့်ပစ်ကူပေးခဲ့သည့်အပြင် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်နေသဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပေးခဲ့ရသည် ဟု ဆိုသည်။

စစ်ကောင်စီ၏ မန္တလေးမြို့အထွက် ဂိတ်စခန်းကို မြေပြင်မှ ဝင်ရောက်တိုက်ခိုက်နေစဉ် စစ်ကူလာ ရောက်နိုင်ခြင်းမရှိစေရန် မြိုင်မြို့အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၊ မြိုင်မြို့မရဲစခန်းနှင့် ကိုး ဆောင်ကျောင်းဂိတ် စသည့် စစ်ကောင်စီတပ်သားများတပ်စွဲထားရာနေရာများကို ဒရုန်းဖြင့် ဗုံး သီး အလုံး ၂၀၀ ခန့်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မြိုင်မြို့ထွေအုပ်ရုံး၊ ရဲစခန်း၊ ကိုးဆောင်ကျောင်းဂိတ်တွေမှာ ဒရုန်းနဲ့ ဗုံးသီး ၂၀၀ ကျဲချတိုက်ခိုက်ခဲ့ တာဗျ၊ တစ်ချိတည်းမှာပဲ ချခဲ့တာ၊ အဓိက ကတော့ ဂိတ်ကို ဝင်တိုက်တဲ့အချိန်မှာ မြို့ထဲကနေ စစ် ကူထွက်လာမှာစိုးလို့ မြို့ထဲကိုပါ ဗုံးကျဲခဲ့တာ၊ ဗုံးသီးက အလုံး ၂၀၀ ကိုချခဲ့တာ၊ အဲဒီဗုံးသီးချတဲ့ နေရာ မှာ ထိခိုက်သေဆုံးပျက်စီးမှုကတော့ စုံစမ်းနေတုန်းပဲ” ဟု Earthquake People’s Defence Force (Pakokku)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Earthquake People’s Defence Force(pakokku ) တပ်ခွဲ- ၁ ၊ တပ်ခွဲ ၂ ၊ မြိုင်(ပ.က.ဖ)တပ်ရင်း ၁ တပ်ခွဲ ၁၊ ၂၊ ၃၊ ၄ ၊ မြိုင်(ပ.က.ဖ )တပ်ရင်း ၂ တပ်ခွဲ ၁၊ ၂၊ ၃၊ ၄ ၊ မြွေးဆိုး တပ်ဖွဲ့၊ M.V.P Revolution Force နှင့် Myaing U.A.V Fighter Drone တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး M.V.P Revolution Force မှ ရဲဘော် အာကြီး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရ ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #EarthquakePeople’sDefenceForce #M.V.PRevolutionForce #MyaingU.A.VFighterDrone

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article