ရန်ကုန်၊ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဇန်နဝါရီ ၂၂ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် မရမ်းကုန်းမြို့နယ် တွင်လည်း ကောင်း၊ ည ၉ နာရီဝန်းကျင်အချိန် လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက်ရုံး အနီးတွင်လည်းကောင်း ဗုံးများ ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
“လှိုင်သာယာ အနောက်ပိုင်းမြို့နယ် အမှတ် ၂၀ရပ်ကွက် ရုံးမှာ ဗုံးကွဲတာက ၃ ကြိမ် ဆက်တိုက်ပေါက်တယ်။ ည ၈ နာရီ ၄၅ မိနစ်လောက်က နှစ်လုံးကွဲတယ်။ နောက်ည ၉ နာရီ မှာလည်း ကွဲတယ်။ လက်ပစ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက် တာလို့လည်းပြောတယ်။ ပေါက်ကွဲသံက တော့ အကျယ်ကြီးတွေပဲ ကြားရ တယ်။ အုပ်ကြီးနဲ့ ရပ်ကျေးအဖွဲ့တွေ ဟိုပြေးဒီပြေးတွေနဲ့ တစ်လုံးပြီး တစ်လုံး ကွဲတာ” ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆို သည်။
ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲပြီးနောက် လှိုင်သာယာမြို့နယ်ဘက်တွင် ညပိုင်း ဧည့်စာရင်း စစ်မှုများ စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့ပြီး ၁ ထိပ်နှင့် ဘုရင့် နောင် တံတား(လှိုင်သာယာ) ဘက်အခြမ်းတွင် ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution