ရန်ကုန်၊ ဇန်နဝါရီ ၂၄
ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ညောင်ပင်သာ-ကညင်ဒိုင်း ကျေးရွာချင်းဆက်လမ်းပေါ်တွင် အကြမ်းဖက် စစ်တပ်က မြေစာပုံ၍ လမ်းပိတ်သွားခဲ့ရာ PDF တပ်ဖွဲ့များက မြေစာပုံကို ပြန်လည်ရှင်းရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီခန့်အချိန် ဖြူးမြို့နယ်၊ ညောင်ပင်သာ-ကညင်ဒိုင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းကို ဖျက်ဆီးရန် အကြမ်းဖက် စစ်တပ်က ဘတ်ဟိုး အသေးဖြင့် လာရောက်စဥ် ဘတ်ဟိုးသေးနေသည့်အတွက် ကွန်ကရစ် လမ်းကို မဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် လမ်းဘေးရှိမြေများတူး၍ ကွန်ကရစ် လမ်းပေါ်တွင် မြေစာပုံ၍ လမ်းပိတ်သွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က လမ်းပိတ်သွားပြီးနောက် ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖြူးမြို့နယ် PDF ဗိုလ်ကျားကြီးအဖွဲ့က မြေစာပုံကို လာရောက် ရှင်းလင်းသွားကြောင်း သိရှိရသည်။
“ဖြူးမြို့နယ် ညောင်ပင်သာရွာမှာ မနေ့ည ၁၀ နာရီဝန်းကျင်အချိန် ညောင်ပင်သာရွာနဲ့ ကညင်ဒိုင်းရွာ ဆက်သွယ်ရေး လမ်းမကွန်ကရစ်လမ်းကို ဖျက်ဖို့ ဘတ်ဟိုးအသေးလေးနဲ့ လာတဲ့ခွေးစစ်တပ်က ဘတ်ဟိုးကသေးတော့ လမ်းကိုမဖျက်နိုင်တာကြောင့် လမ်းဘေးက မြေကိုတူးပြီး ကွန်ကရစ် လမ်းပေါ် မြေတွေပုံ လမ်းကိုပိတ်သွားပါတယ်။ အဲတာကို ဒီနေ့ နံနက်ပိုင်းမှာ ဖြူး PDF ဗိုလ်ကျားကြီးအဖွဲ့က မြေစာပုံကိုလာရောက် ရှင်းလင်းခဲ့ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF