25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– ရက္ခိုင့်တပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယကို ထွက်ပြေးသွားတဲ့ စစ်သားတွေကို သွားခေါ် တဲ့ စစ်လေယဉ် လမ်းချော်တိမ်းမှောက်မှုကြောင့် ဒဏ်ရာ ရတဲ့ စစ်သားတွေကို လူနာတင်ယာဉ်နဲ့ သယ်တဲ့အချိန်မှာလည်း ယာဉ်မတော်တဆမှုပါ ထပ်ဖြစ်ပြန်တယ်လို့ အိန္ဒိယသတင်းဌာနက ဖော်ပြထားပါတယ်။

– မွန်ပြည်နယ် ၊ သံဖြူဇရပ်က စစ်ကောင်စီရဲ့ အမှတ် ၃၁၅ အမြောက်တပ်ရဲ့ တပ်ရင်းမှူးကတော် အကြွေးတောင်းပြီး ပြန်လာတဲ့အချိန် လမ်းမှာ LDF တပ်ဖွဲ့ ရဲ့ စစ်ဆေးမှု မခံဘဲ သေနတ်လုပြီး ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်ရှင်းလင်းရာမှာ သေသွားပြီလို့ ကျိုက်ထို LDF ရဲ့ ဗိုလ်သော်က က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းတွေကို မချိုးဖောက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်း ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #LDF #AA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article