37 C
Yangon

စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော်နှင့်ကုန်စုံဆိုင် ၁ ဆိုင် မီးလောင်ပြာကျ

Must read

စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော်နှင့်ကုန်စုံဆိုင် ၁ ဆိုင် မီးလောင်ပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ လုံးကျော်နှင့် ကုန်စုံဆိုင် ၁ ဆိုင် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၅ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရွာမကျေးရွာကို ဝင်ရောက်စီး နင်းပြီး ပြည်သူလူထုပိုင် နေအိမ် ၁၀ လုံးကျော်နှင့် ကုန်စုံဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူအချို့ ဖမ်းဆီးခံရမှုများလည်းရှိကြောင်း သိရသည်။

“ဒီနေ့မနက် ၅ နာရီလောက် စစ်ခွေးတွေ ဝင်လာတာပြီး ကိုကျော်၊ မသူကုန်စုံဆိုင်တစ်ဆိုင်နဲ့ နေအိမ်က ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article