ရန်ကုန်၊ ဇန်နဝါရီ ၂၅
KNU ကော်သူးလေအုပ်ချုပ်နယ် ၊ ခလယ်လွီထူ ခရိုင်၊ လယ်ဒို မြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည် သူတစ်ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန် သည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ပိန်းဇလုပ် အခြေစိုက် ခလရ ၂၆၄ တပ်ရင်းမှ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ သူးကဘီး ကျေးရွာ (ကျွဲတလင်းကျေးရွာ) အတွင်းသို့ ၁ လုံး၊ ကျောင်းကုန်းကျေး ရွာသို့ ၃ လုံး၊ ပေါက်ကုန်းကျေးရွာသို့ ၃ လုံး၊ သမင်အင်းကုန်း ကျေးရွာသို့ ၃ လုံး၊ အင်းနက်ကျေးရွာသို့ ၁ လုံး၊ ကျို့ကုန်းကျေးရွာသို့ ၁ လုံး စုစုပေါင်း ၁၂ လုံး ပစ်ခတ် ခဲ့ကြောင်း သိရသည်။
ထို့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းကုန်းကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ဦးကုလား၊ အသက် ၅၂ နှစ်အရွယ် ဦးစိန်ဌေး နှင့် အသက် ၁၅ နှစ်အရွယ် သားမောင်နေဇော်လင်း၊ အသက် ၆၈ နှစ်အရွယ် ဦးကျော်ဝင်း နှင့် အသက် ၄၄ နှစ်အရွယ် သမီး မမေသက်နိုင်တို့ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ် ၂ လုံးပျက်စီးကာ နွားတစ်ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၂၃ ရက် ည ၇ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကညင်ကျိုး ကျေးရွာ အတွင်းသို့ လက်နက်ကြီး ၅ လုံး၊ ဒေါင်းမို့ကျေးရွာသို့ ၃ လုံး ပစ်ခတ်ခဲ့ရာ ကညင်ကျိုးကျေး ရွာမှ အသက် ၆၅ နှစ်အရွယ် ဦးမြင့်လှိုင် သေဆုံးခဲ့ပြီး အသက် ၆၆ နှစ်အရွယ် ဒေါ်ကြင်နုနှင့် အသက် ၁၂ နှစ်အရွယ် စောအယ်ထူးစေး တို့ ကျည် စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၂ လုံး ပျက်စီးခဲ့ရသည့်အပြင် နွား ၃ ကောင်လည်း ကျည်စထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KNU