25 C
Yangon

လွိုင်ကော်မြို့ရှိ ပြည်သူ့နေအိမ်များကို စစ်တပ်က လေကြောင်း၊ လက်နက် ကြီးဖြင့် ပစ်ခတ် ဖျက်ဆီးမှုကြောင့် မြို့နေအိမ် ၁၀ ရာခိုင်နှုန်းခန့် မီးလောင် ပြာ ကျ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်က လေ ကြောင်း၊ လက် နက်ကြီးဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးမှုများကြောင့် ပြည်သူ့ နေအိမ် ၁၀ ရာခိုင်နှုန်းခန့် ပြာကျခဲ့ရကြောင်း KNDF ဗဟို သတင်း နှင့် ပြန်ကြား ရေး တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

၁၁၁၁ စစ်ဆင်ရေးစတင်ချိန်ကစ၍ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လွိုင်ကော်မြို့သိမ်းတိုက် ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လက် နက်ကြီးများဖြင့် ပစ်ခတ် ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ လွိုင် ကော်မြို့မဈေးကြီးအပါအဝင် ပြည်သူ့နေအိမ်အများ အပြားပျက်စီးဆုံးရှုံးခဲ့ရ ကြောင်း သိရှိရသည်။

“လွိုင်ကော်မြို့ပေါ်မှာ စကစတပ်တွေက မီးရှို့တာတွေ ဆက်လက် လုပ်ဆောင် နေတာတွေရှိပါတယ်၊ စကစတွေ တပ်စွဲထားတဲ့ ရပ်ကွက်အချို့မှာ မီးရှို့တာ ဖြစ် ပါတယ်၊ မီးရှို့တာရော၊ လက်နက်ကြီး၊ လေ ယာဉ်ဗုံးကြောင့်ပါ မြို့ထဲမှာရှိ တဲ့ နေအိမ် စုစုပေါင်းခန့်မှန်း ၁၀ ရာခိုင်နှုန်းလောက် ပျက်စီးနေပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် လွိုင်ကော်မြို့နေရာ တော် တော် များများကို ထိန်း ချုပ်ထားပြီး စစ်ကောင်စီတပ်သားများမှာ ၎င်းတို့ တပ်စွဲ ထားရာ နေရာအနီးတဝိုက်ရှိ ပြည်သူ့ နေအိမ် များအတွင်းမှ ပစ္စည်းများ ကို ဖောက် ထွင်းခိုးယူခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းတို့ နေစဉ်နှင့်အမျှ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KNDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article