31 C
Yangon

ကြို့ပင်ကောက်မြို့ စစ်ကောင်စီတိုးဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် ၊ ကြို့ပင်ကောက်မြို့ရှိ စစ်ကောင်စီတိုးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံး ပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်မိုးကြိုးက ရန်ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း PDF တပ် ရင်း ၃၈၀၁၊ တပ်ခွဲ ၅၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် များက ကြို့ပင်ကောက်မြို့ စစ်တပ်တိုးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“မနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာ ကြို့ပင်ကောက်တိုးဂိတ်မှာ‌ စောင့် နေတဲ့ စစ်သားနဲ့ ရဲတွေကို တော်လှန်ရေးတပ်တွေဘက်ကနေ ဝင်ပစ်တာ။ အပြန် အလှန်ပစ်ခတ်မှုဖြစ်ကြတယ်။ ရဲ ၂ ဦးသေတယ်။ စစ်သား ၃ ဦး ဒဏ်ရာ အပြင်းအထန်ရတယ်။ ဒဏ်ရာရတဲ့ ၃ ဦးကို ဆေးရုံတင်ထားတယ်” ဟု ကြို့ပင် ကောက်မြို့မှ ဒေသပြည်သူတစ်ဦးက အတည်ပြုပြောဆိုသည်။

ယင်းနောက် ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် စစ်တပ်က ကြို့ပင်ကောက် မြို့ အဝင်၊ အထွက်များနှင့် မြို့ပေါ် နီးစပ်သော ရွာများကို စစ်ဆေးမှုများ လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကြို့ပင်ကောက်မြို့အဝင်တွင် စစ်ဆေးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article