25 C
Yangon

ဘုတလင်မြို့မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အထူးတိုက်ခိုက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ဘုတလင်မြို့မှ ညတွင်းချင်းထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သားရိုးကုန်းရွာ အနောက်၌ ညအိပ်ပြီး ထွက်ခွာလာစဥ် တော်လှန်ရေး တပ်ဖွဲ့များက သားရိုးကုန်းရွာနှင့် ဘုတလင် အကြားတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါဝင် ၄ ဦးသေဆုံးခဲ့ပြီး သေဆုံးသွားသော စစ်သား အလောင်းများကို ဘုတလင်မြို့ အားကစားကွင်း၌ မီးရှို့ခဲ့ကြောင်း သိရှိရသည်။

“ဘုတလင်က ညတွင်းချင်း ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းက သားရိုးကုန်းရွာ အနောက်မှာ ညအိပ်ပြီး ၂၄ ရက်နေ့ နံနက်ပိုင်းမှာ သားရိုးကုန်းနဲ့ ဘုတလင်ကြားမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်။ အဲတိုက်ခိုက်မှုအတွင်း စစ်ခွေး ၃ ပွင့် ကောင် ၁ ကောင်အပါအဝင် ၄ ကောင်သေတယ်။ စစ်ခွေးအလောင်းတွေကို ဘုတလင် အားကစားကွင်းမှာ ချက်ချင်းမီးရှို့သွားတယ်” ဟု မုံရွာခရိုင် အထူးတိုက်ခိုက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အထူးတိုက်ခိုက်ရေး အဖွဲ့ ၊ BOB ရင်း ၂၀ အဖွဲ့ နှင့် Gk အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #BOB #GK

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article