25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်မြို့ကို PNLA နဲ့ မဟာမိတ်တပ်တွေက မနေ့က ညနေပိုင်းမှာပဲ အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီဘက်က အင်အားဖြည့်ပြီး လာတိုက်နေပြန် တယ်လို့ PNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– တရုတ်နိုင်ငံက အလိုရှိနေတဲ့ လောက်ကိုင် ကျားဖြန့် တရားခံပြေးတွေကို အကြမ်းဖက် စစ်ကောင်စီ က ရဟတ်ယာဉ် တွေနဲ့ သယ်ယူပြီး နမ့်စန်လေတပ်နဲ့တပ်စခန်းတွေမှာ လုံခြုံ ရေး အစောင့် အရှောက်အပြည့်နဲ့ ထားထားသလို ၊ အဲ့ဒီ့ တရားခံပြေးတွေဟာ ငွေကို ရေလိုသုံးပြီး နေထိုင်ခွင့်ရ နေကြတယ်လို့ စစ်တပ် သတင်းရင်းမြစ်က ပြောပါတယ်။

– ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးမှာ စက်သုံးဆီစျေးနှုန်းတွေ  စံချိန်တင် မြင့်တက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article