25 C
Yangon

ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် တွင် စစ်သင်တန်း တက်နေသည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ အမျိုးသမီးဝန်ထမ်း ၁ ဦး အမောဖောက်သေ

Must read

ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် တွင် စစ်သင်တန်း တက်နေသည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ အမျိုးသမီးဝန်ထမ်း ၁ ဦး အမောဖောက်သေ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် စစ်ရေးပြ သင်တန်း တက်နေသည့် စိုက်မွေးဆည် ဝန်ကြီးဌာနမှ အမျိုးသမီး ဝန်ထမ်း ၁ ဦး အမောဖောက်၍ သေဆုံးခဲ့ကြောင်း ဗဟိုဝန်ထမ်းတက္ကသိုလ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ ပြင်ဦးလွင်မြို့ရှိ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် စစ်ရေးပြ သင်တန်း တက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ပင်းတယမြို့နယ်ရုံးခွဲမှ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ဝန်ထမ်း ၁ ဦး အမောဖောက်၍ သေဆုံးသွားကြောင်း သိရသည်။

“ဒီနေ့ ဇီးပင်ကြီးမှာ ၁ ဦး သေတယ်။ စိုက်မွေးဆည်၀န်ကြီးဌာန လက်အောက်က ပင်းတယမြို့နယ်ရုံးက အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ၀န်ထမ်း စစ်ရေးပြ သင်တန်းတက်ရင်း အမောဖောက်ပြီး သေတာ အဲသတင်းကို သတင်းဖုံးဖို့ ကြိုးစားနေပါတယ်” ဟု ဗဟိုဝန်ထမ်းတက္ကသိုလ် သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article