36 C
Yangon

စစ်အာဏာရှင်အတွက် ပအိုဝ်းချင်းချင်း စစ်မတိုက်လိုသဖြင့် PNO ပြည်သူ့စစ် ၁ ဦး လက်နက်နှင့်တကွ အလင်းဝင်၊ ဖမ်းဆီးရရှိသော ပြည်သူ့စစ် ၃ ဦးကိုလည်း အသက်ရှင်ခွင့်ပေး

Must read

စစ်အာဏာရှင်အတွက် ပအိုဝ်းချင်းချင်း စစ်မတိုက်လိုသဖြင့် PNO ပြည်သူ့စစ် ၁ ဦး လက်နက်နှင့်တကွ အလင်းဝင်၊ ဖမ်းဆီးရရှိသော ပြည်သူ့စစ် ၃ ဦးကိုလည်း အသက်ရှင်ခွင့်ပေး

ရန်ကုန်၊ ဇန်နဝါရီ ၃၀

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်၁ ဦးက စစ်ကောင်စီအတွက် ပအိုဝ်း အချင်းချင်း မတိုက်ခိုက်လိုသဖြင့် PNLA ထံ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း PNLA သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးသည် စစ်အာဏာရှင်အတွက် ပအိုဝ်း အချင်းချင်း မတိုက်ခိုက်လိုသဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)ထံ လက် နက်နှင့် တကွ အလင်းဝင်ခဲ့ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က နွေးထွေး စွာကြိုဆိုခဲ့ပြီး ဆုကြေးငွေများကို ပေးအပ်ချီးမြှင့်ကာ လိုအပ်သည်များဆောင် ရွက်ပေးခဲ့ကြောင်း သိရ သည်။

အလင်းဝင်လာသည့် ပြည်သူ့စစ် တပ်ဖွဲဝင်ကို လွတ်လပ်စွာသွားလာနေထိုင်ခွင့်ပြုခဲ့ကြောင်း၊ ယခု လုံ ခြုံရေး ဆိုင်ရာ လှုပ်ရှားမှုအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)အနေဖြင့် ပအိုဝ်းအချင်းချင်းတိုက်ခိုက်မည်မဟုတ်ကြောင်း PNLA က တရားဝင် ထုတ်ပြန်ကြေညာသည်။

ထိုကြောင့် အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် လုပ်နေရ သောသူများအနေဖြင့် စစ်အာဏာရှင်အတွက် မရပ်တည်တော့ဘဲ အချိန်မီ လက်နက်နှင့်တကွ အမျိုး သားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းကာ အလင်းဝင်ကြရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်တိုက်တွန်းထားသည်။

ထို့ပြင် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲသည် လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုကိုဆောင်ရွက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်ရန် စောင့်ဆိုင်းနေကြောင်း သတင်းရသဖြင့် ဝိုင်းဝန်းပိတ်ဆိုဖမ်းဆီးရာ စစ်တပ်လက်အောက်ခံ လက်အောက်ခံ PNO ပြည်သူ့စစ် ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူ M22 သေနတ်၁လက်၊ ယာမမူးယစ်ဆေး အထုပ်ကြီး ၁ ထုပ် နှင့် ကျည်ဆံများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် အဆိုပါ ပြည်သူ့စစ် ၃ ဦးသည် ပအိုဝ်းများဖြစ်ပြီး ပအိုဝ်းအချင်းချင်း တိုက်ခိုက်မည်မဟုတ်သည့်အတွက် ဖမ်းဆီးရမိသည့် ပြည်သူ့စစ်များသည် အသက်ရှင်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်လက်အောက်မှ ရုန်းထွက်ပြီး အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို အမြန်ဆုံးကူးပြောင်းကြရန် PNLA က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article