25 C
Yangon

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ပေါ် RD ကုန်မာဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲ

Must read

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ပေါ် RD ကုန်မာဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ပေါ် အမှတ် ၃ ရပ်ကွက်ရှိ RD ကုန်မာဆိုင်ရှေ့တွင် ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဆိုင်ကယ်ပေါ်မှာ ဗုံးထောင်ထားတာ။ ပေါက်ကွဲသံက နှစ်ချက် အကျယ်ကြီးပဲ။ သွားကြည့်တဲ့အချိန်မှာတော့ လူတော့ ထိခိုက်ထားတာမတွေ့ဘူး။ ဗုံးပေါက်တာက RD ကုန်မာဆိုင်ရှေ့မှာပေါက်တာ။ ဗုံးပေါက်ပြီးတော့ မီးလောင်နေလို့ ကုန် မာ ဆိုင် ဝန်ထမ်းတွေနဲ့ အနားက လူတွေက ရေနဲ့ ဖြန်းပြီး ငြိမ်းတာတွေ့တယ်။ ဗုံးကွဲ အသံတော့ အတော်ကို ကျယ်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လားရှိုးမြို့တွင် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်မှုများရှိနေပြီး အဝင်အထွက်စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် စစ်ဆေးနေချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article