25 C
Yangon

လူမျိုးရေး အက်ကြောင်းများကို နက်ရှိုင်းစေမည့် လူမျိုးရေး မိုင်းဗုံးများကို အထူး ရှောင်ကြဉ်နိုင်ရေး အလေးအနက် ဂရုစိုက်ကြရန် NUG ယာယီသမ္မတ သတိပေး

Must read

လူမျိုးရေး အက်ကြောင်းများကို နက်ရှိုင်းစေမည့် လူမျိုးရေး မိုင်းဗုံးများကို အထူး ရှောင်ကြဉ်နိုင်ရေး အလေးအနက် ဂရုစိုက်ကြရန် NUG ယာယီသမ္မတ သတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၃၀

နွေဦးတော်လှန်ရေးကာလနှင့် နိုင်ငံရေးအရ ပြန်လည်ဆောက်ချိန်ကာလများတွင် လူမျိုးရေး အက်ကြောင်းများကို နက်ရှိုင်းစေမည့် လူမျိုးရေးမိုင်းဗုံးများကို အထူးရှောင်ကြဉ်နိုင်ရေး အလေးအနက်ထား ဂရုစိုက်ကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်သည်။

ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ၃/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်ရေးစစ်ရေး ရလဒ်များသည် အောင်မြင်လာကြောင်း၊ အောင်ပွဲရလဒ်များကို နိုင်ငံရေးအရ တည်ဆောက်သည့်အခါ ဖက်ဒရယ် အခြေခံမူများနှင့် ပေါင်းစည်ယှဉ်တွဲမှု လုပ်နိုင်ရန် လိုအပ်ကြောင်း၊ဖက်ဒရယ် အခြေခံမူများနှင့် ပေါင်းစည်းမှုသည် နိုင်ငံရေးအရ အရေးကြီး သလို လူမျိုးရေးအရလည်း အရေးကြီးကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ညီညီညွတ်ညွတ်တိုင်ပင် ဆွေးနွေးကြရန် သမ္မတက ပြောဆိုသည်။

” ခုခံတော်လှန်စစ် အောင်ပွဲရလဒ်တွေကို ဖက်ဒရယ်အခြေခံမူတွေနဲ့ ပေါင်းစပ်တည်ဆောက်နိုင်ရေးဟာ နိုင်ငံရေးအမြော်အမြင်ရှိရှိနဲ့ လုပ်ဆောင်ရမယ့်ကိစ္စဖြစ်သလို မဟာဗျူဟာကျကျ တွေးခေါ် ချဉ်းကပ်နိုင်ဖို့လည်း လိုအပ် ပါတယ်။ အခု နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ ယခင့်ယခင်ကနဲ့ မတူတဲ့ အသစ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ဦးတည်လျှောက်လှမ်း နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ နိုင်ငံသစ်၊ လူ့အဖွဲ့အစည်းသစ်နဲ့ အတွေးအခေါ်သစ်ကို တက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ရေးနဲ့ပတ်သက်ပြီး ပိုမိုကျယ်ပြန့်စွာ လက်တွေ့ကျသော/ ညီညွတ်သော / ခေတ်မီသော ဖက်ဒရယ်မိုဒယ် [Federal model] တွေကို စဉ်းစား လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ပတ်သက်လာရင် အကဲဆတ်တဲ့ လူမျိုးရေး အမြင်တွေကိုလည်း နိုင်ငံရေးခန္တီတရား အပြည့်အဝနဲ့ သဘောထားကြီးကြီး ရှုမြင်ကြဖို့ လိုအပ်ပါတယ်။ လူမျိုးပေါင်းစုံ၊ အမှတ်သရုပ်ပေါင်းစုံ ရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ ငြိမ်းချမ်းစွာ အတူပေါင်းစည်းနေထိုင်ရေးမူဟာ ဖက်ဒရယ်ဒီမိုကရေစီမူတွေပဲလို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ဒါ့ကြောင့် လက်တွေ့ အခင်းအကျင်း နဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ရေးရာ စဉ်းစားချက်တွေကို သက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့တွေကြားမှာ ညီညီညွတ်ညွတ် တိုင်ပင် ဆွေးနွေးကြဖို့ လိုအပ်တယ်လို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း ၁ နှင့် ၂ ကိုလည်း စုပေါင်းသဘောတူညီချက်ဖြင့် အတည်ပြုထားပြီး ဖြစ်ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုများ ကြိုးစားလုပ်ဆောင်သည့်အခါ လူအဖွဲ့အစည်းကို ပိုမို ကွဲအက်စေမည့် သဘောထားများကို ရှောင်ရှားကြရမည်ဖြစ်ကြောင်း၊ အမှားဟောင်းကို ထပ်မမှားရန် လိုအပ်ကြောင်း သမ္မတက သတိပေးသည်။

“အခုဆိုရင် နွေဦးတော်လှန်ရေးအတွင်းမှာ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) နဲ့ (၂) ကိုလည်း စုပေါင်းသဘောတူညီချက်နဲ့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေဟာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထု အားလုံးရဲ့ တူညီသော ဘုံအတွေးအခေါ် / အယူအဆဖြစ်သလို အနာဂတ် လူ့အဖွဲ့အစည်းအတွက် အုတ်မြစ်တည်မယ့် အခြေခံမူတွေလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ကြိုးစားလုပ်ဆောင်တဲ့အခါ လူ့အဖွဲ့အစည်းကို ပိုမိုအက်ကွဲလာမယ့် သဘောထားတွေကို အထူးအလေးထား ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးအရ ပိုမိုပေါင်းစည်းနိုင်သော လူမျိုးရေးအရ ပိုမို စေးကပ်မှုရှိသော နိုင်ငံရေး လှုပ်ရှားမှုတွေ ဖြစ်ဖို့ ကျွန်တော့်အနေနဲ့ အထူးလိုလားပါတယ်။ လူမျိုးရေး အက်ကြောင်းတွေကို နက်ရှိုင်းစေမယ့် လူမျိုးရေးမိုင်းဗုံးတွေကို အထူးရှောင်ကြဉ်နိုင်ဖို့ အလေးအနက်ထား ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အမှားဟောင်းကိုလည်း ရှောင်ရှားနိုင်ဖို့ လိုသလို အမှားသစ်တွေကို မဖန်တီးဖြစ်ဖို့ နိုင်ငံရေးသတိ အမြဲရှိနေရမှာ ဖြစ်ပါတယ်။ ” ဟု ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article