25 C
Yangon

ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိသပိတ်နေ့ ရန်ကုန်နှင့်မန္တလေး နေရာအနှံ့တွင် စစ်တပ်နှင့်ရဲများက ကင်းပုန်းများချထားပြီး လုံခြုံရေး တင်းကျပ်ထား

Must read

ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိသပိတ်နေ့ ရန်ကုန်နှင့်မန္တလေး နေရာအနှံ့တွင် စစ်တပ်နှင့်ရဲများက ကင်းပုန်းများချထားပြီး လုံခြုံရေး တင်းကျပ်ထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ယနေ့ ကျရောက်သည့် နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်နေ့တွင် ရန်ကုန်နှင့် မန္တလေး နေရာအနှံ စစ်တပ်နှင့်ရဲများက ယူနီဖောင်းဖြင့်သော်လည်းကောင်း၊ အရပ်ဝတ်များဖြင့်သော်လည်းကောင်း ကင်းပုန်းများ ချထားကြောင်း ရန်ကုန်နှင့်မန္တလေးမှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီမှစတင်၍ ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင် ယူနီဖောင်းဝတ်ဆင်ထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တွေ့နေရကြောင်း သာကေတမြို့နယ်မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

“မိုးလင်းကတည်းက စစ်သားတွေ တွေ့ရတယ်။ ကင်းပုန်းတွေလည်း အများကြီးပဲ။ နေရာတိုင်းမှာရှိနေတယ်။ သာကေတ ၇ စျေးနား လမ်းထိပ်မှာ ယူနီးဖောင်းဝတ် လက်နက်ကိုင်ထားတဲ့ စစ်သားတွေ တစ်ဖက် ၂ယောက်စီ ဝတ်စုံအပြည့်နဲ့ရှိနေတယ်။ အခြေခံပညာကျောင်းနားတဝိုက်မှာရော” ဟု သာကေတမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းစစ်ကောင်စီက ရန်ကုန်တွင် ယနေ့ လုံခြုံရေး တိုးမြှင့်ထားပြီး ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်း ၊ လမ်းဆုံလမ်းခွတိုင်းတွင် အရပ်ဝတ်နှင့်ကင်းပုန်းများ ချထားကြောင်း သိရှိရသည်။

“မြို့နယ်တိုင်း ရပ်ကွက်တိုင်း လမ်းဆုံလမ်းခွ တံတားအတက်အဆင်းတွေနဲ့ အထင်ကရ နေရာတွေမှာ ရပ်ကွက် ရာအိမ်မှူး၊ ဆယ်မှူးများ၊ဒလန်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၆နာရီမှ ညနေ ၆နာရီထိ လုံခြုံရေး ကင်းပုန်း လှည်းကင်းများချထားဆောင်ရွက်ခိုင်းထားပါတယ်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သတိရှိဖို့လိုပါတယ်။ မစ်ရှင်လုပ်မယ့်အဖွဲ့တွေအနေနဲ့ သတိပြုသင့်ပါတယ်။ စစ်တပ်နဲ့ရဲကတော့ အခုညကတည်းက ကင်းပုန်းတွေ ဝပ်နေပါတယ်” ဟု စစ်တပ်နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မန္တလေးမြို့ပေါ်တွင်လည်း ယနေ့ စစ်ကောင်စီက ကင်းပုန်းများ၊ ကားများဖြင့် လှည့်လည်၍ သော်လည်း ကောင်း၊ ဂိတ်များချ၍သော်လည်းကောင်း လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့ပေါ်မှ စစ်တပ် ဘန်ကာတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article