36 C
Yangon

အမေရိကန်က ရွှေဗျိုင်းဖြူ ကုမ္ပဏီ၊ ပိုင်ရှင်မိသားစု ၄ ဦးနှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကို စီးပွားရေးဒဏ်ပိတ်ဆို့

Must read

အမေရိကန်က ရွှေဗျိုင်းဖြူ ကုမ္ပဏီ၊ ပိုင်ရှင်မိသားစု ၄ ဦးနှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကို စီးပွားရေးဒဏ်ပိတ်ဆို့

■ ဩစတြေးလျက စစ်ကောင်စီလက်အောက်ခံ MFTB ၊ MICB ဘဏ် ၂ ခုနှင့် လေယာဉ်ဆီတင်သွင်းသည့် ကုမ္ပဏီ ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ချိန်တွင် အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်း ၊ စစ်ကောင်စီနှင့်ဆက်ဆံနေသော ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် ပိုင်ရှင်မိသားစု ၄ တို့ကိုဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းသုံးနှစ်ပြည့်ချိန်တွင် အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးဌာနက စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက် (MEHL) နှင့် စီးပွားရေးလုပ်ကိုင်နေသော ရွှေဗျိုင်းဖြူအုပ်စု (SBPG)နှင့် စစ်ကောင်စီ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ခံ ကြယ်ငါးပွင့်သင်္ဘော ကုမ္ပဏီ ၂ ခုကို အရေးယူဒဏ်ခတ်ကြောင်း ကြေညာသည်။

ထို့ပြင် စစ်တပ်ခရိုနီ ရွှေဗျိုင်းဖြူအုပ်စု ဥက္ကဋ္ဌ သိန်းဝင်းဇော်၊ ဇနီး တင်မင်းလတ်၊ သာသမီး ၂ ဦးဖြစ်သည့် မသိမ့်ဝင်းထက်နှင့် ကိုဝင်းပိုင်ကျော်တို့ ၄ ဦးကိုလည်း အမေရိကန်က ဒဏ်ခတ်အရေးယူလိုက်ကြောင်း သိရှိရသည်။

အလားတူ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်နေ့တွင် ဩစတြေးလျအစိုးရကလည်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB ) ၊ မြန်မာ့စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဘဏ်(MICB ) တို့ကို ပိတ်ဆို့အရေးယူကြောင်း၊ ထို့ပြင် စစ်ကောင်စီထံသို့ လေယာဉ်ဆီ တင်သွင်းပေးနေသော Asia Sun Group ၊ Asia Sun Trading နှင့် Cargo Link Petroleum Logistics ကုမ္ပဏီတို့ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article