30 C
Yangon

ရန်ကုန်မြို့မှ ပြည်သူများ အသံတိတ်သပိတ်တွင် ပါဝင်နေပြီး လူသူ ကင်းရှင်းနေမှုကို ဓာတ်ပုံရိုက်သူလူငယ်တချို့ကို အရပ်ဝတ်များဖြင့် ဖမ်းဆီးခေါ်ဆောင်သွား

Must read

ရန်ကုန်မြို့မှ ပြည်သူများ အသံတိတ်သပိတ်တွင် ပါဝင်နေပြီး လူသူ ကင်းရှင်းနေမှုကို ဓာတ်ပုံရိုက်သူလူငယ်တချို့ကို အရပ်ဝတ်များဖြင့် ဖမ်းဆီးခေါ်ဆောင်သွား

■ Google Map ၏ ယာဉ်ကြောပြ မြေပုံတွင် တစ်မြို့လုံး ယာဉ်ကြော ရှင်းလင်းမှု အစိမ်းရောင်ပြနေပြီး အင်းစိန်ဆေးရုံမှ ရန်ကုန်မြို့ထဲအထိ ယခင်ကားဖြင့် ၂ နာရီကျော်မြင့်သော ခရီးကို ယခု ၃၃ မိနစ်သာကြာမြင့်တော့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်မြို့တော်မှ ပြည်သူများမှာ ယနေ့ ကျရောက်သည့် နွေဦးတော်လှန်ရေး အသံတိတ်သပိတ်တွင် ပါဝင်နေပြီး Google Map တွင် တစ်မြို့လုံး ယာဉ်ကြောရှင်းလင်းသည့် အစိမ်းရောင်ဖြစ်နေကြောင်း ရန်ကုန်မြို့ပြည်သူများက ပြောဆိုသည်။

“ဒီနေ့တော့ မနက် ၁၀ နာရီခွဲလောက်မှ လူစရှင်းတယ်။ ၁၁ လောက်မှာတော့ မရှိတော့ဘူး။ အခု ၁၂ ထိုးမှာ လမ်းပေါ်မှာ လူမရှိတော့ဘူး။ အတော်ကို ကားတွေပါ ရှင်းသွားတယ်။ မြို့ထဲမှာ လိုင်းကားတွေ ရှိတယ်။ ဒါပေမယ့် လူသူတော့ မရှိတော့ဘူး” ဟု ရန်ကုန်မြို့ကို ပတ်၍ ကြည့်ရှုနေသည့် တက္ကစီယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

Google Map ၏ တိုက်ရိုက် ယာဉ်ကြောပြ မြေပုံတွင် ရန်ကုန်တစ်မြို့လုံး အစိမ်းရောင်ဖြစ်နေပြီး ယခင် ကားဖြင့် သွားလျှင် ယာဉ်ကြော ကျပ်တည်းမှုကြောင့် ၂ နာရီ နီးပါးကြာမြင့်သော အင်းစိန်ဆေးရုံမှ ရန်ကုန်မြို့ထဲ ခရီးစဉ်ကို ယခုအခါ ၃၃ မိနစ်ဖြင့်ပင် ရောက်ရှိနိုင်သည်ဟု Google Map တွင် ပြသထားသည်။

“ဟုတ်တယ်။ ပုံမှန်ဆိုရင်တော့ အင်းစိန်ဆေးရုံကနေ မြို့ထဲကို ၂ နာရီလောက်အနည်းဆုံးပဲ။ ပိတ်တဲ့နေရာတွေ အရမ်းများတယ်လေ။ သမိုင်းလမ်းဆုံ၊ စံရိတ်ငြိမ်၊ လှည်းတန်း၊ အဆင့်ဆင့်ပိတ်တာ။ အခုတော့ မိနစ် ၃၀ ကျော်ပဲ။ ယာဉ်ကြောမရှိလို့။ ပုံမှန်ဆို ဒီအချိန်က ယာဉ်ကြောကျပ်တည်းနေတာပဲ။ အခုက ရှင်းသွားတာ” ဟု YBS ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့တွင် လမ်းဆုံလမ်းခွများနှင့် လူသူထူထပ်စွာ များပြားလေ့ရှိသည့် ကားမှတ်တိုင်များတွင် အရပ်ဝတ် စစ်သားနှင့်ရဲများ ချထားကာ ဓာတ်ပုံရိုက်သူ လူငယ်တချို့ အဖမ်းခံရကြောင်း သိရှိရသည်။

“ဆူးလေ တံတားပေါ်ကနေ လမ်းပေါ်မှာ ကားရှင်းနေတာကို ဘုရားကြီး နောက်ခံထားပြီး ဖုန်းနဲ့ ဓာတ်ပုံတက်ရိုက်တဲ့ ကောင်လေးတစ်ဦးကို ဘယ်သူတွေမှန်းတော့မသိဘူး အရပ်ဝတ်နဲ့ပဲ ဖမ်းသွားတာတွေ့တယ်။ ရဲလား၊ စစ်သားလား၊ ရပ်ကွက်လူကြီးတွေလားတော့မသိဘူး။ ကားပေါ်တင်သွားတာတွေ့တယ်။ တကယ်က ကျောက်တံတားရဲစခန်းရှိတာလေ။ အဲဒီကို မခေါ်ဘူး။ ကားပေါ်တင်သွားတယ်” ဟု လူငယ်တစ်ဦး အဖမ်းခံရမှုကို မြင်တွေ့ရသည့် မျက်မြင်တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့တွင် အသံတိတ်သပိတ်နှင့်အပြိုင် တပ်ထောက်ခံပွဲများ ကျင်းပရန် ပြင်ဆင်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article