36 C
Yangon

ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်နေ၊ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်နေ၊ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်နေပြီး ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်းဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် အနောက် မြောက်ခြမ်းရှိ မြင်းကျ၊ သာဝတ္ထိ၊ ကလုံ စသည့် ကျေးရွာများကို အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးများဖြင့် လိုက်လံ ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

“စစ်ရှောင်တွေရှိရာကို ကင်းထောက် Drone နဲ့ ကြည့်ပြီးကို သေချာ ပစ်ခတ်နေတာပါ။ ထိတွေ့မှု မရှိဘဲ တမင်ပစ်နေတာပါ စစ်ရှောင်တွေကို” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှ်ချိန်တွင် ခင်ဦးမြို့နယ်အတွင်းရှိ ကျွန်းတောကြီး၊ မြင်းကျ၊ မကျီးအုပ်၊ ယာတော်၊ သာဝတ္ထိ၊ မြင်းဒေါင်း၊ သရက်ပင်စု၊ ကားဆိပ်၊ ကျွန်းတောလေး၊ ရှင်မင်းတွေ၊ ကလုံ၊ တဲစုစသည့်ကျေးရွာများမှ သက်ကြီးရွယ်အိုများအပါအဝင် သောင်းနှင့်ချီသော ပြည်သူသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အဆိုပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းရှိ ပျဥ်ထောင်ပျူစောထီးရွာမှ ထွက်လာခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကလုံကျေးရွာမှ သာဝတ္ထိကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article