33 C
Yangon

ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ပုလဲမြို့ပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ပုလဲမြို့ပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ စစ်တပ်အထိုင်စခန်းကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Special Defence Force (အညာမြေစစ်ကြောင်း) မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက် ညနေ ၄ နာရီခန့်က ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ၌ အထိုင်ချ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ၆၀ မမ လက်လုပ်စိန်ပြောင်းလက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိနိုင်ရန် စုံစမ်းနေ ဆဲဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ၄ နာရီကျော်က သွေးမအေးကြောင်းပြသတဲ့အနေနဲ့ ဝက်လက်မြို့နယ်၊ ရွာသာကြီး အထိုင် စစ်တပ်စခန်းကို ၆၀ မမလက်လုပ်စိန်းပြောင်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ တော်လှန်ရေး ပူးပေါင်း မဟာမိတ်တွေနဲ့အတူ ကျနော်တို့ Special Defence Force (အညာမြေစစ်ကြောင်း) အဖွဲ့က ပါဝင် တိုက်ခိုက်ခဲ့ပါတယ်၊ မြေပြင်အခြေအနေအရ သေစာရင်းတော့ မသိရသေးပါဘူး” ဟု Special Defence Force(အညာမြေစစ်ကြောင်း)မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသော သရက် ခြံအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Ny Yar တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက်အစောပိုင်း ၁၂ နာရီ မှ နံနက်အစောပိုင်း ၁ နာရီအထိ ပုလဲမြို့‌ပေါ် ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသော သရက်ခြံအတွင်းသို့ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ၁၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ ရက်ထဲမှာပေါ့၊ မနေ့ကည ၁၂ နာရီကနေ ၁ နာရီလောက်အထိ ပစ်ခဲ့တာ၊ လက်နက်ကြီးနဲ့ ၁၅ လုံး ပစ်ခဲ့တယ်၊ အထိအခိုက်အအကျဆုံးတော့ မသိရသေးဘူး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိ တယ်၊ ဒီနေ့မနက်မှာလည်း ပုလဲမြို့နယ်ကို ဂျက်ဖိုက်တာနဲ့ လာပစ်သွားသေးတယ်၊ မြကုန်းဘက်မှာ အိမ်တွေပျက်စီးတယ်လို့တော့ ကြားရတယ်” ဟု Chindwin Toe Ny Yar တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF နှင့် ယင်းမာပင် တပ်ရင်း ၂၉ တပ်ခွဲ ၃ ကိုဘသာ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article